ၾကာရွည္ခံၿပီး အားသြင္းျမန္တဲ့ ဘက္ထရီ နည္းပညာ အသစ္ကို ဖန္တီးေနတဲ့ Apple

စမတ္ဖုန္းေတြရဲ့ ဘက္ထရီ သက္တမ္း ပိုေကာင္းေအာင္နဲ႔ အားသြင္းျမန္ေအာင္ ကုမၸဏီေတြက အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကပါတယ္။ Android စမတ္ဖုန္းေတြမွာ 240W Fast Charging ေတြေတာင္ ပါလာေတာ့မွာ ျဖစ္ပါတယ္။
Apple ကလည္း အားက်မခံ ၾကာရွည္ခံၿပီး အားသြင္းျမန္တဲ့ ဘက္ထရီ နည္းပညာ အသစ္ကို ဖန္တီးေနပါတယ္။ Apple ဟာ သူ႔ ကုန္ပစၥည္းေတြအတြက္ ဘက္ထရီေတြကို တျခား ကုမၸဏီေတြဆီကေန ဝယ္ယူ အသုံးျပဳေနေပမယ့္ ကိုယ္တိုင္လည္း ဘက္ထရီ နည္းပညာ အသစ္ေတြကို သုေတသန ျပဳလုပ္ေနပါတယ္။
Apple ဟာ Silicon Content ကို ေရရွည္တည္တန႔္ေစဖို႔ Cathodes အတြက္ Nickel, Cobalt, Manganese နဲ႔ Aluminum စတဲ့ ျဒပ္ထု အသစ္ေတြကို စမ္းသပ္ေနပါတယ္။ Silicon ဟာ အားသြင္းခ်ိန္မွာ ပူလာတတ္ေပမယ့္ Apple က ဒီျပႆနာကို ေျဖရွင္းနိုင္တဲ့ နည္းလမ္း ၁ ခုကို ေတြ႕ရွိထားပါတယ္။
Apple က ၂၀၂၅ ခုႏွစ္ထုတ္ iPhone ေတြမွာ အဲဒီ ဘက္ထရီ နည္းပညာ အသစ္ကို ထည့္သြင္းေပးမယ္လို႔ သတင္းထြက္ေနပါတယ္။

==================

ကြာရှည်ခံပြီး အားသွင်းမြန်တဲ့ ဘက်ထရီ နည်းပညာ အသစ်ကို ဖန်တီးနေတဲ့ Apple

စမတ်ဖုန်းတွေရဲ့ ဘက်ထရီ သက်တမ်း ပိုကောင်းအောင်နဲ့ အားသွင်းမြန်အောင် ကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ Android စမတ်ဖုန်းတွေမှာ 240W Fast Charging တွေတောင် ပါလာတော့မှာ ဖြစ်ပါတယ်။
Apple ကလည်း အားကျမခံ ကြာရှည်ခံပြီး အားသွင်းမြန်တဲ့ ဘက်ထရီ နည်းပညာ အသစ်ကို ဖန်တီးနေပါတယ်။ Apple ဟာ သူ့ ကုန်ပစ္စည်းတွေအတွက် ဘက်ထရီတွေကို တခြား ကုမ္ပဏီတွေဆီကနေ ဝယ်ယူ အသုံးပြုနေပေမယ့် ကိုယ်တိုင်လည်း ဘက်ထရီ နည်းပညာ အသစ်တွေကို သုတေသန ပြုလုပ်နေပါတယ်။
Apple ဟာ Silicon Content ကို ရေရှည်တည်တန့်စေဖို့ Cathodes အတွက် Nickel, Cobalt, Manganese နဲ့ Aluminum စတဲ့ ဒြပ်ထု အသစ်တွေကို စမ်းသပ်နေပါတယ်။ Silicon ဟာ အားသွင်းချိန်မှာ ပူလာတတ်ပေမယ့် Apple က ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း ၁ ခုကို တွေ့ရှိထားပါတယ်။
Apple က ၂၀၂၅ ခုနှစ်ထုတ် iPhone တွေမှာ အဲဒီ ဘက်ထရီ နည်းပညာ အသစ်ကို ထည့်သွင်းပေးမယ်လို့ သတင်းထွက်နေပါတယ်။