
မန္တလေး နိုဝင်ဘာ ၁၆

အစည်းအဝေးတွင် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ခရိုင်/မြိုနယ် ပါတီများအနေဖြင့် ရုံးလုံခြုံရေး၊စာရွက် စာတမ်းလုံခြုံရေး၊ပါတီဝင် တစ်ဦးချင်းစီ၏ လုံခြုံရေးကို အထူးဂရုစိုက်ရန်၊ပါတီရုံးများ မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကျန်ရှိသည့် ခရိုင်/မြိုနယ်များအနေဖြင့် ဒီဇင်ဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ ပါတီဝင် နံပါတ်မကျသေးသော ခရိုင်/မြိုနယ်/ရပ်/ ကျေးပါတီကော်မတီဝင်များ၏ အမည်စာရင်းအား ပြုစုပေးပိုရန်၊ခရိုင်/မြိုနယ်များမှ လစ်လပ်ကော်မတီဝင်များ အစားထိုး တာဝန်ပေးအပ်နိုင်ရေး လစ်လပ်ကော်မတီဝင်များ အမည်စာရင်းပေးပိုရန်၊ပါတီရုံးများ ဖွင့်လှစ်မှု၊ပါတီဆိုင်းဘုတ်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ထွေ/အုပ်၊စည်ပင်တိုမှ ခွင့်ပြုချက်ရယူ ဆောင်ရွက်သွားရန်၊ပါတီဆိုင်းဘုတ်အတွက် စည်ပင်သာယာရေးအဖွဲထံဆက်သွယ်ပြီး ဆိုင်းဘုတ်ခွန်ပေးဆောင်ထားရန်၊ ပါတီပိုင် ပစ္စည်းစာရင်းများ သေချာစွာပြုစု၍ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ခရိုင်/မြိုနယ်များမှ ရံပုံငွေ ရရှိ/သုံးစွဲမှုစာရင်းများ စနစ်တကျ ရေးသွင်း ပြုစုထားရန်၊ စီစစ်ပြီးသော ပါတီဝင်အင်အားစာရင်းများနှင့်ပတ်သက်၍ ပါတီလျောက်လွှာပုံစံများ ဖြည့်သွင်းနိုင်ရေး စီစဉ် ဆောင်ရွက်ထားရန် ဆွေးနွေးပြောကြားခဲ့ပြီး ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်း ဖွဲစည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊အစိမ်းရောင် စီမံချက်ပါ လုပ်ငန်းစဉ်များ၊လူငယ်/အမျိုးသမီး ကေဒါမွေးမြူရေး စီမံချက်ပါ လုပ်ငန်းစဉ်များ၊ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

=====================

တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်

မန္တလေး နိုဝင်ဘာ ၁၆

၁၆-၁၁-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၂:၀၀ အချိန်ထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/မြိုနယ် လုပ်ငန်းညှိနှိင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို ပါတီဗဟို အလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ခရိုင်/မြိုနယ်များမှ ဥက္ကဌ၊အတွင်းရေးမှုးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ခရိုင်/မြိုနယ် ပါတီများအနေဖြင့် ရုံးလုံခြုံရေး၊စာရွက် စာတမ်းလုံခြုံရေး၊ပါတီဝင် တစ်ဦးချင်းစီ၏ လုံခြုံရေးကို အထူးဂရုစိုက်ရန်၊ပါတီရုံးများ မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကျန်ရှိသည့် ခရိုင်/မြိုနယ်များအနေဖြင့် ဒီဇင်ဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ ပါတီဝင် နံပါတ်မကျသေးသော ခရိုင်/မြိုနယ်/ရပ်/ ကျေးပါတီကော်မတီဝင်များ၏ အမည်စာရင်းအား ပြုစုပေးပိုရန်၊ခရိုင်/မြိုနယ်များမှ လစ်လပ်ကော်မတီဝင်များ အစားထိုး တာဝန်ပေးအပ်နိူင်ရေး လစ်လပ်ကော်မတီဝင်များ အမည်စာရင်းပေးပိုရန်၊ပါတီရုံးများ ဖွင့်လှစ်မှု၊ပါတီဆိုင်းဘုတ်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ထွေ/အုပ်၊စည်ပင်တိုမှ ခွင့်ပြုချက်ရယူ ဆောင်ရွက်သွားရန်၊ပါတီဆိုင်းဘုတ်အတွက် စည်ပင်သာယာရေးအဖွဲထံဆက်သွယ်ပြီး ဆိုင်းဘုတ်ခွန်ပေးဆောင်ထားရန်၊ ပါတီပိုင် ပစ္စည်းစာရင်းများ သေချာစွာပြုစု၍ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ခရိုင်/မြိုနယ်များမှ ရံပုံငွေ ရရှိ/သုံးစွဲမှုစာရင်းများ စနစ်တကျ ရေးသွင်း ပြုစုထားရန်၊ စီစစ်ပြီးသော ပါတီဝင်အင်အားစာရင်းများနှင့်ပတ်သက်၍ ပါတီလျောက်လွှာပုံစံများ ဖြည့်သွင်းနိူင်ရေး စီစဥ် ဆောင်ရွက်ထားရန် ဆွေးနွေးပြောကြားခဲ့ပြီး ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်း ဖွဲစည်းရေးဆိုင်ရာ လုပ်ငန်းစဥ်များ၊အစိမ်းရောင် စီမံချက်ပါ လုပ်ငန်းစဥ်များ၊လူငယ်/အမျိုးသမီး ကေဒါမွေးမြူရေး စီမံချက်ပါ လုပ်ငန်းစဥ်များ၊ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
၎င်းနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား တင်ပြဆွေးနွေးခဲ့ပြီး ခရိုင်/မြိုနယ် ပါတီဥက္ကဌများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။၎င်းနောက် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။