ဒိုက်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများနှင့် တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများတွေ့ဆုံ

ဒိုက်ဦး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌဦးရဲမြင့်ထွန်း၏ ပါတီလုပ်ငန်းလမ်းညွန်စီမံချက်အရ မတ်လ ၉ ရက်နေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်ပါတီရုံးတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်နိုင် နှင့် တိုင်းပါတီကော်မတီဝင်များသည်  မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အစီစဉ်အရရှေးဦးစွာ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးအောင်နိုင် မှ လာရောက် တွေ့ဆုံရခြင်း၏ ကိစ္စရပ်များအား နှုက်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ပြောကြားခဲ့ရာတွင် ပါတီဗဟို၏ လုပ်ငန်းလမ်းညွန်ချက်၊ ပါတီဝင်များစီစစ်နေမှု၊ ပါတီဝင်များ၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အခြားကိစ္စရပ်များအား အသေးစိတ်ချပြရှင်းလင်းကာ လုပ်ငန်းစီမံချက်များအားလမ်းညွန်မှာကြားခဲ့သည်။ အစီစဉ်အရ တိုင်းဒေသကြီးပါတီ လူငယ်ရေးရာတာဝန်ခံဒေါက်တာသန့်ဇော်လွင်မှ လူငယ်ရေးရာကဏ္ဍလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ၊ ဖွဲ့စည်းမှု  ၊ စုစည်းမှုအခြေအနေများအား အသေးစိတ်ချပြဆွေးနွေးခဲ့ပြီး ပါတီလုပ်ငန်းရေးရာ စီစစ်မှုကော်မတီတာဝန်ရှိသူမှ ပါတီ၏လုပ်ငန်းများစီစစ်နေမှုအခြေအနေများအား ရှင်းလင်းခဲ့ပြီး မီဒီယာကဏ္ဍ စုဖွဲ့ထားရှိမှု အခြေအနေများအား အသေးစိတ်ဆွေးနွေးခဲ့သည်။

ဆွေးနွေးချက်များအပေါ်တက်ရောက်လာကြသော မြို့နယ်ပါတီ၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခြင်း မေးမြန်းခြင်း အကြံပြုခြင်းများအား ဆောင်ရွက်ခဲ့ရာပါတီ၏ တာဝန်ရှိသူများမှ တင်ပြဆွေးနွေး အကြံပြုချက်များ အပေါ် ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ခဲ့ပေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ချမှတ်နိုင်ခဲ့သည်။