အစၥေရး-ဟားမတ္စ္ ပဋိပကၡအတြင္း သတင္း ေထာက္ ၄၂ ဦး ထက္မနည္း ေသဆုံး

နိုဝင္ဘာ ၁၇

အစၥေရးတပ္မေတာ္ႏွင့္ ဟားမတ္စ္အဖြဲ႕တို႔ၾကား ျဖစ္ပြားလ်က္ရွိသည့္ စစ္ဆင္ႏႊဲမႈမ်ားတြင္ သတင္း ေထာက္မ်ားႏွင့္ မီဒီယာလုပ္သား ၄၂ ဦး ထက္မနည္း ေသဆုံးခဲ့ေၾကာင္း နယူးေယာက္အေျခစိုက္ သတင္း ေထာက္မ်ား ကာကြယ္ေစာင့္ ေရွာက္ေရးေကာ္မတီက ယေန႔ေျပာသည္။

အဆိုပါ သတင္းေထာက္မ်ား ေသဆုံးမႈ အေရ အတြက္သည္ ပဋိပကၡစတင္သည့္ ေအာက္ တိုဘာ ၇ ရက္မွ နိုဝင္ဘာ ၁၅ ရက္အတြင္း မွတ္တမ္းေကာက္ယူထားသည့္ အေရအတြက္ျဖစ္ေၾကာင္း သတင္းေထာက္မ်ား ကာကြယ္ေစာင့္ ေရွာက္ေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ေသဆုံးသူ ၄၂ ဦးအနက္ ၃၇ ဦးမွာ ပါလက္စတိုင္း နိုင္ငံသား၊ ေလးဦးမွာ အစၥေရးနိုင္ငံသားမ်ားျဖစ္ၿပီး က်န္တစ္ဦးသည္ လက္ဘႏြန္နိုင္ငံသားျဖစ္ေၾကာင္း သိရသည္။

လြန္ခဲ့သည့္ ရက္သတၱႏွစ္ပတ္အတြင္း ပါလက္စတိုင္းသတင္းေထာက္ ကိုးဦး ေသဆုံးခဲ့သည္။

ထို႔ျပင္ သတင္းေထာက္ ကိုးဦးဒဏ္ရာရရွိကာ သုံးဦး ေပ်ာက္ဆုံးေနၿပီး ၁၃ ဦးကို ဖမ္းဆီးထားေၾကာင္း သိရသည္။ အျခားသတင္းေထာက္မ်ား အသတ္ခံရျခင္း သို႔မဟုတ္ ထိန္းသိမ္းခံရျခင္းဆိုင္ရာ အတည္မျပဳနိုင္ေသာ အစီရင္ခံစာမ်ားစြာကိုလည္း သတင္း ေထာက္မ်ား ကာကြယ္ေစာင့္ ေရွာက္ေရးေကာ္မတီက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

====================

အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း သတင်း ထောက် ၄၂ ဦး ထက်မနည်း သေဆုံး

နိုဝင်ဘာ ၁၇

အစ္စရေးတပ်မတော်နှင့် ဟားမတ်စ်အဖွဲ့တို့ကြား ဖြစ်ပွားလျက်ရှိသည့် စစ်ဆင်နွှဲမှုများတွင် သတင်း ထောက်များနှင့် မီဒီယာလုပ်သား ၄၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း နယူးယောက်အခြေစိုက် သတင်း ထောက်များ ကာကွယ်စောင့် ရှောက်ရေးကော်မတီက ယနေ့ပြောသည်။

အဆိုပါ သတင်းထောက်များ သေဆုံးမှု အရေ အတွက်သည် ပဋိပက္ခစတင်သည့် အောက် တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၁၅ ရက်အတွင်း မှတ်တမ်းကောက်ယူထားသည့် အရေအတွက်ဖြစ်ကြောင်း သတင်းထောက်များ ကာကွယ်စောင့် ရှောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူ ၄၂ ဦးအနက် ၃၇ ဦးမှာ ပါလက်စတိုင်း နိုင်ငံသား၊ လေးဦးမှာ အစ္စရေးနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးသည် လက်ဘနွန်နိုင်ငံသားဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း ပါလက်စတိုင်းသတင်းထောက် ကိုးဦး သေဆုံးခဲ့သည်။

ထို့ပြင် သတင်းထောက် ကိုးဦးဒဏ်ရာရရှိကာ သုံးဦး ပျောက်ဆုံးနေပြီး ၁၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ အခြားသတင်းထောက်များ အသတ်ခံရခြင်း သို့မဟုတ် ထိန်းသိမ်းခံရခြင်းဆိုင်ရာ အတည်မပြုနိုင်သော အစီရင်ခံစာများစွာကိုလည်း သတင်း ထောက်များ ကာကွယ်စောင့် ရှောက်ရေးကော်မတီက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။