ဘဏ္မ်ားရွိ အပ္ေငြစာရင္းမ်ားမွ ေငြသားထုတ္ယူျခင္းမ်ား ကို ကန႔္သတ္ေနဆိုသည္ဆိုသည္မွာ သတင္းမွားမ်ားျဖစ္ ေၾကာင္း ဗဟိုဘဏ္ထုတ္ျပန္

နိုဝင္ဘာ ၁၆

အခ်ိဳ႕ပုဂၢလိကဘဏ္မ်ားတြင္ဝန္ထမ္းမ်ားကို လစာမ်ားႀကိဳတင္ထုတ္ေပးေၾကာင္း သတင္းမ်ားႏွင့္ ဘဏ္မ်ားရွိ အပ္ေငြ စာရင္းမ်ားမွ ေငြသားထုတ္ယူျခင္းမ်ားကို ကန႔္သတ္ေနေၾကာင္း ထုတ္ျပန္ခ်က္မ်ားသည္မဟုတ္မမွန္ေသာ သတင္းမွားမ်ား ျဖစ္ေၾကာင္း ဗဟိုဘဏ္မွ ျငင္းဆိုထားသည္။

ယခုလတ္တေလာကာလတြင္ အမ်ားျပည္သူအက်ိဳးစီးပြားပ်က္စီးေစရန္ မသမာသူလူတစ္စုကလူမႈကြန္ယက္စာမ်က္ႏွာ မ်ားတြင္ သတင္းမွားမ်ား ျဖန႔္ေဝလ်က္ရွိေၾကာင္း ဗဟိုဘဏ္မွေျပာသည္။

လူမႈကြန္ယက္စာမ်က္ႏွာမ်ားႏွင့္ အင္တာနက္ Website မ်ားတြင္ ျဖန႔္ေဝေနေသာ ဘဏ္မ်ားရွိအပ္ေငြစာရင္းမ်ားမွ ေငြသား ထုတ္ယူျခင္းမ်ားကို ကန႔္သတ္ေနေၾကာင္း ထုတ္ျပန္ခ်က္မ်ားသည္မဟုတ္မမွန္ေသာ သတင္းမွားမ်ားသာျဖစ္ၿပီး အခ်ိဳ႕ ပုဂၢလိကဘဏ္မ်ားတြင္ဝန္ထမ္းမ်ားကို လစာမ်ားႀကိဳတင္ထုတ္ေပးေၾကာင္း သတင္းမ်ားသည္လည္း သတင္းမွား မ်ားျဖစ္သည္ဟု ဗဟိုဘဏ္ကေျပာဆိုထားသည္။

ဘဏ္မ်ားရွိ အပ္ေငြစာရင္းမ်ားမွေငြသားထုတ္ယူျခင္းမ်ားကို ကန႔္သတ္ခ်က္မရွိထုတ္ယူနိုင္ၿပီး ဘဏ္မ်ား၏ ဘဏ္ခြဲအသီးသီးတြင္ Core Banking System စနစ္အရ အမ်ားျပည္သူ အပ္ႏွံေငြစာရင္းအခ်က္အလက္မ်ားကို အဆင္ေျပေခ်ာေမြ႕စြာသိရွိနိုင္သျဖင့္ နိုင္ငံတစ္ဝန္းရွိမည္သည့္ဘဏ္ခြဲတြင္မဆို ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ား ရယူနိုင္သည္ဟု ဗဟိုဘဏ္၏ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ဒစ္ဂ်စ္တယ္နည္းလမ္းျဖင့္လည္းဘဏ္လုပ္ငန္းဆိုင္ရာဝန္ေဆာင္မႈမ်ား၊ ေပးေခ်မႈမ်ားကို လြယ္ကူစြာေဆာင္ရြက္ နိုင္ၿပီးဘဏ္မ်ားတြင္ ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ားကို ပုံမွန္အတိုင္းေဆာင္ရြက္လ်က္ရွိၿပီး ဘဏ္မ်ား၏ Customer မ်ားကလည္း ပုံမွန္ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ားကို ဘဏ္မ်ားထံမွရယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဤကဲ့သို႔ အမ်ားျပည္သူ၏ အက်ိဳးစီးပြါးကို ထိခိုက္ပ်က္စီးေစရန္ သတင္းမွားမ်ားျဖန႔္ေဝသူမ်ားကို ဥပေဒျပဌာန္း ခ်က္မ်ားႏွင့္အညီေဖာ္ထုတ္အေရးယူၿပီး ထိေရာက္ဟန႔္တားေသာ ျပစ္ဒဏ္မ်ားခ်မွတ္နိုင္ရန္ တရားဥပေဒစိုးမိုးေရး အဖြဲ႕အစည္းမ်ားႏွင့့းပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။

=====================

ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများ ကို ကန့်သတ်နေဆိုသည်ဆိုသည်မှာ သတင်းမှားများဖြစ် ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

နိုဝင်ဘာ ၁၆

အချို့ပုဂ္ဂလိကဘဏ်များတွင်ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများနှင့် ဘဏ်များရှိ အပ်ငွေ စာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည်မဟုတ်မမှန်သော သတင်းမှားများ ဖြစ်ကြောင်း ဗဟိုဘဏ်မှ ငြင်းဆိုထားသည်။

ယခုလတ်တလောကာလတွင် အများပြည်သူအကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုကလူမှုကွန်ယက်စာမျက်နှာ များတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း ဗဟိုဘဏ်မှပြောသည်။

လူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိအပ်ငွေစာရင်းများမှ ငွေသား ထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည်မဟုတ်မမှန်သော သတင်းမှားများသာဖြစ်ပြီး အချို့ ပုဂ္ဂလိကဘဏ်များတွင်ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှား များဖြစ်သည်ဟု ဗဟိုဘဏ်ကပြောဆိုထားသည်။

ဘဏ်များရှိ အပ်ငွေစာရင်းများမှငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူ အပ်နှံငွေစာရင်းအချက်အလက်များကို အဆင်ပြေချောမွေ့စွာသိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိမည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်သည်ဟု ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက် နိုင်ပြီးဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိပြီး ဘဏ်များ၏ Customer များကလည်း ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်များထံမှရယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဤကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွါးကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူများကို ဥပဒေပြဌာန်း ချက်များနှင့်အညီဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့့းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။