ဒုံးက်ည္အင္ဂ်င္သစ္ ေျမာက္ကိုရီးယား စမ္းသပ္ေအာင္ျမင္

ေျမာက္ကိုရီးယားရဲ့ တာလတ္ပစ္ဒုံးက်ည္သစ္အတြက္ အသစ္တီထြင္ထားတဲ့ တြန္းကန္အားျမင့္ ဒုံးက်ည္အင္ဂ်င္ ပထမဆုံး ေျမျပင္စမ္းသပ္မႈကို ေအာင္ျမင္စြာ လုပ္ေဆာင္နိုင္ခဲ့တယ္လို႔ နိုဝင္ဘာ ၁၅ ရက္က ထုတ္ျပန္ပါတယ္။
ေျမာက္ကိုရီးယား ဒုံးက်ည္ဗ်ဴရိုအေနနဲ႔ အဆိုပါဒုံးက်ည္အင္ဂ်င္ ပထမအဆင့္နဲ႔ ဒုတိယအဆင့္စမ္းသပ္မႈေတြကို နိုဝင္ဘာ ၁၁ ရက္နဲ႔ ၁၄ ရက္မွာ စမ္းသပ္ခဲ့တာတယ္လို႔ အာဏာရအလုပ္သမားပါတီရဲ့ ရိုေဒါင္ဆင္မန္ သတင္းစာ က ေရးသားထားပါတယ္။
ေျမာက္ကိုရီးယား ရင္ဆိုင္ေနရေသာ ဆိုးရြားၿပီး မတည္ၿငိမ္တဲ့ လုံျခဳံေရးဝန္းက်င္နဲ႔ ရန္သူေတြရဲ့ ပိုမိုဆိုးရြားလာေသာ စစ္ေရးပူးေပါင္းေဆာင္ရြက္မႈမ်ားေၾကာင့္ နိုင္ငံရဲ့ မဟာဗ်ဴဟာေျမာက္ ထိုးစစ္စြမ္းရည္ကို ပိုမိုျမႇင့္တင္ထားေၾကာင္း ဒုံးက်ည္ဗ်ဴရိုက အေလးေပးေျပာဆိုပါတယ္။
ပဲ့ထိန္းဒုံးက်ည္မ်ား တီထြင္ထုတ္လုပ္ေရးဟာ ေျမာက္ကိုရီးယားရဲ့ ငါးႏွစ္ၾကာ ကာကြယ္ေရးအစီအစဥ္ အဓိက အစိတ္အပိုင္းတစ္ရပ္ျဖစ္တယ္လို႔ ဆိုပါတယ္။
ေလာင္စာခဲသုံး ဒုံးက်ည္မ်ားသည္ အရည္ေလာင္စာသုံး ဒုံးက်ည္မ်ားထက္ ပိုမိုလ်င္ျမန္စြာ ပစ္ခတ္နိုင္တယ္လို႔ သိရပါတယ္။
source-NHK

===================

ဒုံးကျည်အင်ဂျင်သစ် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

မြောက်ကိုရီးယားရဲ့ တာလတ်ပစ်ဒုံးကျည်သစ်အတွက် အသစ်တီထွင်ထားတဲ့ တွန်းကန်အားမြင့် ဒုံးကျည်အင်ဂျင် ပထမဆုံး မြေပြင်စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ဗျူရိုအနေနဲ့ အဆိုပါဒုံးကျည်အင်ဂျင် ပထမအဆင့်နဲ့ ဒုတိယအဆင့်စမ်းသပ်မှုတွေကို နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၄ ရက်မှာ စမ်းသပ်ခဲ့တာတယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မန် သတင်းစာ က ရေးသားထားပါတယ်။
မြောက်ကိုရီးယား ရင်ဆိုင်နေရသော ဆိုးရွားပြီး မတည်ငြိမ်တဲ့ လုံခြုံရေးဝန်းကျင်နဲ့ ရန်သူတွေရဲ့ ပိုမိုဆိုးရွားလာသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကြောင့် နိုင်ငံရဲ့ မဟာဗျူဟာမြောက် ထိုးစစ်စွမ်းရည်ကို ပိုမိုမြှင့်တင်ထားကြောင်း ဒုံးကျည်ဗျူရိုက အလေးပေးပြောဆိုပါတယ်။
ပဲ့ထိန်းဒုံးကျည်များ တီထွင်ထုတ်လုပ်ရေးဟာ မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ် အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
လောင်စာခဲသုံး ဒုံးကျည်များသည် အရည်လောင်စာသုံး ဒုံးကျည်များထက် ပိုမိုလျင်မြန်စွာ ပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။
source-NHK