ရွမ္းေျမာက္ ကြတ္ခိုင္၊ ကြမ္းလုံ၊ နမ့္ခမ္း၊ မူဆယ္၊ လားရွိုး၊ သိႏၷီၿမိဳ႕နယ္တို႔တြင္ ည(၆) နာရီမွ မနက္ (၆) နာရီအထိ ညမထြက္ရ အမိန႔္ထုတ္ျပန္

စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားသည့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ကြတ္ခိုင္၊ ကြမ္းလုံ၊ နမ့္ခမ္း၊ မူဆယ္၊ လားရွိုး၊ သိႏၷီၿမိဳ႕နယ္မ်ားတြင္ ည (၆) နာရီမွ မနက္(၆) နာရီအထိ ညမထြက္ရအမိန႔္ ထုတ္ျပန္ထားၿပီး မလိုက္နာပါက ထိေရာက္စြာ အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ညမထြက္ရအမိန႔္ကို အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉးက ယေန႔ နိုဝင္ဘာ (၁၅) ရက္ရက္စြဲျဖင့္ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
အဆိုပါ အမိန႔္ထုတ္ျပန္ခ်က္အရ ကြတ္ခိုင္၊ ကြမ္းလုံ၊ နမ့္ခမ္း၊ မူဆယ္၊ လားရွိုး၊ သိႏၷီၿမိဳ႕နယ္မ်ားတြင္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွအပ မည္သူမၽွ လမ္းမ်ားေပၚ၌ သြားလာျခင္း မျပဳရန္ႏွင့္ လိုက္နာျခင္း မရွိသူမ်ားအား လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အင္အားသုံးဖမ္းဆီးကာ ထိေရာက္စြာအေရးယူခြင့္ ေပးထားျခင္း ျဖစ္သည္။
ထို႔အျပင္ အဆိုပါ ၿမိဳ႕နယ္မ်ားအတြင္း အမိန႔္တစ္စုံတစ္ရာမရွိဘဲ နံနက္ (၆)နာရီမွ ည(၆) နာရီအတြင္း လူ (၅)ဦးႏွင့္ လူ (၅) ထက္ပို၍ျဖစ္ေစ လမ္းေပၚတြင္ စုေဝးျခင္း၊ လမ္းေလၽွာက္ျခင္း၊ စီတန္းလွည့္လည္ျခင္း၊ ေဟာေျပာျခင္း၊ လႈံေဆာ္ျခင္း၊ ႐ုန္းရင္းဆန္ခတ္မႈျပဳျခင္း၊ တုတ္၊ ဓ-ါး၊ လက္နက္ႏွင့္ မီးေလာင္ေစတတ္ေသာ အရာမ်ား ကိုင္ေဆာင္ျခင္းမျပဳရန္ လမ္းေပၚတြင္ လူစုလူေဝးျဖင့္ အတားဆီးမ်ားျပဳလုပ္ၿပီး လမ္းပိတ္ျခင္း မျပဳရန္လည္း တားျမစ္ထားသည္။
ထို႔အျပင္ လုံျခဳံေရးတာဝန္ ထမ္းေဆာင္ေနသူမ်ားကိုလည္း မည္သည့္နည္းႏွင့္မၽွ မေႏွာင့္ယွက္ရန္၊ ဟန႔္တားျခင္းမျပဳရန္လည္း သတိေပးထားသည္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႕မ်ားႏွင့္ ထိေတြ႕မႈမ်ား ျပင္းထန္ေနသည့္ ၿမိဳ႕နယ္(၈)ခု တြင္ စစ္အုပ္ခ်ဳပ္ေရး (Martial Law) ေၾကညာထားၿပီး အေရွ႕ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္ (ေလာက္ကိုင္)၏ ေဒသကြတ္ကဲေရးမႉးတို႔ကို စီမံအုပ္ခ်ဳပ္ခြင့္ ေပးထားျခင္း ျဖစ္သည္။

=================

ရှမ်းမြောက် ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီမြို့နယ်တို့တွင် ည(၆) နာရီမှ မနက် (၆) နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီမြို့နယ်များတွင် ည (၆) နာရီမှ မနက်(၆) နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညမထွက်ရအမိန့်ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက ယနေ့ နိုဝင်ဘာ (၁၅) ရက်ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်အရ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီမြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှအပ မည်သူမျှ လမ်းများပေါ်၌ သွားလာခြင်း မပြုရန်နှင့် လိုက်နာခြင်း မရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖမ်းဆီးကာ ထိရောက်စွာအရေးယူခွင့် ပေးထားခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါ မြို့နယ်များအတွင်း အမိန့်တစ်စုံတစ်ရာမရှိဘဲ နံနက် (၆)နာရီမှ ည(၆) နာရီအတွင်း လူ (၅)ဦးနှင့် လူ (၅) ထက်ပို၍ဖြစ်စေ လမ်းပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓ-ါး၊ လက်နက်နှင့် မီးလောင်စေတတ်သော အရာများ ကိုင်ဆောင်ခြင်းမပြုရန် လမ်းပေါ်တွင် လူစုလူဝေးဖြင့် အတားဆီးများပြုလုပ်ပြီး လမ်းပိတ်ခြင်း မပြုရန်လည်း တားမြစ်ထားသည်။
ထို့အပြင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကိုလည်း မည်သည့်နည်းနှင့်မျှ မနှောင့်ယှက်ရန်၊ ဟန့်တားခြင်းမပြုရန်လည်း သတိပေးထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ထိတွေ့မှုများ ပြင်းထန်နေသည့် မြို့နယ်(၈)ခု တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားပြီး အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ဒေသကွတ်ကဲရေးမှူးတို့ကို စီမံအုပ်ချုပ်ခွင့် ပေးထားခြင်း ဖြစ်သည်။