႐ုရွားႏွင့္ ေျမာက္ကိုရီးယားတို႔အၾကား ေဆြးေႏြးပြဲက်င္းပမည္

နိုဝင္ဘာ ၁၆

႐ုရွားႏွင့္ ေျမာက္ကိုရီးယားတို႔သည္ ႏွစ္နိုင္ငံ စီးပြား ေရးႏွင့္ ကုန္သြယ္ေရး ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ ေဆြးေႏြးမႈမ်ား ျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ ယခုႏွစ္ စက္တင္ဘာလတြင္ ႐ုရွားႏွင့္ ေျမာက္ကိုရီးယားေခါင္းေဆာင္မ်ားအၾကား ေလးႏွစ္အတြင္း ပထမဆုံး ထိပ္သီးေဆြးေႏြးပြဲကို က်င္းပခဲ့သည္။

ကုန္သြယ္ေရး၊ စီးပြားေရး၊ သိပၸံႏွင့္ နည္းပညာ ပူးေပါင္းေဆာင္ရြက္မႈဆိုင္ရာ ေဆြးေႏြးပြဲအတြက္ ႐ုရွားအစိုးရ ကိုယ္စားလွယ္အဖြဲ႕သည္ နိုဝင္ဘာ ၁၄ ရက္က ျပဳံယမ္းသို႔ ေရာက္ရွိခဲ့ေၾကာင္း ေျမာက္ကိုရီးယားအစိုးရပိုင္ မီဒီယာက ေျပာၾကားခဲ့သည္။ ကိုယ္ စားလွယ္အဖြဲ႕ကို ဦး ေဆာင္သည့္ ႐ုရွားသဘာဝအရင္းအျမစ္ဝန္ႀကီး Alexander Kozlov က မိမိတို႔ႏွစ္နိုင္ငံသည္ “အာဏာရွင္ဝါဒီ အင္အားစုမ်ားကို တိုက္ေနၾကသည္”ဟု ေျပာၾကားခဲ့ၿပီး အဆိုပါမွတ္ခ်က္သည္ အေမရိကန္ႏွင့္ ၎၏မဟာမိတ္မ်ားကို ထင္ရွား စြာရည္ညႊန္းျခင္း ျဖစ္သည္။

ယခုက်င္းပမည့္ေဆြးေႏြးပြဲအတြင္း ႐ုရွားမွ ေျမာက္ကိုရီးယားသို႔ စားနပ္ရိကၡာအကူအညီေပးပို႔ေရးႏွင့္ ေျမာက္ကိုရီးယားလုပ္သားမ်ားကို ႐ုရွားနိုင္ငံသို႔ ပို႔ေဆာင္ေရး ေဆြးေႏြးဖြယ္ရွိေၾကာင္း ကိုးကား၍ ေပါင္းစည္းေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူကို ေတာင္ကိုရီးယား ယြန္ဟက္သတင္းေအဂ်င္စီက မွတ္ခ်က္ျပဳ ေျပာၾကားသည္။
Source; NHK

===================

ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲကျင်းပမည်

နိုဝင်ဘာ ၁၆

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံ စီးပွား ရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ယခုနှစ် စက်တင်ဘာလတွင် ရုရှားနှင့် မြောက်ကိုရီးယားခေါင်းဆောင်များအကြား လေးနှစ်အတွင်း ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲအတွက် ရုရှားအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်က ပြုံယမ်းသို့ ရောက်ရှိခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ပြောကြားခဲ့သည်။ ကိုယ် စားလှယ်အဖွဲ့ကို ဦး ဆောင်သည့် ရုရှားသဘာဝအရင်းအမြစ်ဝန်ကြီး Alexander Kozlov က မိမိတို့နှစ်နိုင်ငံသည် “အာဏာရှင်ဝါဒီ အင်အားစုများကို တိုက်နေကြသည်”ဟု ပြောကြားခဲ့ပြီး အဆိုပါမှတ်ချက်သည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို ထင်ရှား စွာရည်ညွှန်းခြင်း ဖြစ်သည်။

ယခုကျင်းပမည့်ဆွေးနွေးပွဲအတွင်း ရုရှားမှ မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာအကူအညီပေးပို့ရေးနှင့် မြောက်ကိုရီးယားလုပ်သားများကို ရုရှားနိုင်ငံသို့ ပို့ဆောင်ရေး ဆွေးနွေးဖွယ်ရှိကြောင်း ကိုးကား၍ ပေါင်းစည်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကို တောင်ကိုရီးယား ယွန်ဟက်သတင်းအေဂျင်စီက မှတ်ချက်ပြု ပြောကြားသည်။
Source; NHK