ဖက်ဒရယ်အခြေခံမူများဆွေးနွေးရန် ABSDF နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF)က နိုင်ငံရေးပါ တီများနှင့်တွေ့ဆုံကာ ဖက်ဒရယ် အခြေခံမူများတွင် ပါဝင်သင့် သည့် အချက်များနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း ABS -DF ဒုတိယဥက္ကဋ္ဌဦးမျိုးဝင်းက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတတိယ အကြိမ်အစည်းအဝေးမတိုင်မီ ရက်များတွင် ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် စီစဉ်နေကာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် အင်အားကြီးပါတီတို့အပြင် တိုင်းရင်းသားပါတီများလည်း ပါဝင်မည် ဖြစ်ကြောင်း ဦးမျိုးဝင်း က ပြောသည်။

ABSDF တာဝန်ရှိသူများနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီပါဝင်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့(UNA) ကိုယ်စားလှယ်များသည် ဖက်ဒရယ်ရေး ရာကိစ္စများ ဆွေးနွေး ရန် ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၁၁ ရက်၌ တွေ့ဆုံမည်ဖြစ်သည်။ ‘‘ဒီအချက်တွေ က တကယ်လည်း ဆွေးနွေးဖို့ လိုပါတယ်။ ဒါကြောင့် သူတို့ကမ်းလှမ်း တာကို လက်ခံတယ်။ ကျွန်တော် တို့အဖွဲ့ကိုယ်စားလှယ်တွေက လည်း ပြင်ဆင်ထားတာလည်းရှိ တယ်လေ’’ ဟု UNA ပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းလိတ်က ပြော ကြားသည်။

ဖက်ဒရယ်အခြေခံမူတွင် ပြည်ထောင်စုဖွဲ့စည်းပုံ၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေရေး တို့ကို အရေးကြီး အချက်များအဖြစ် ABSDF က သတ်မှတ်ထား ကြောင်း ဦးမျိုးဝင်းကပြောသည်။ ABSDF သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံတတိယအကြိမ် အစည်းအဝေးအတွက် ပြင်ဆင်သည့် အနေဖြင့် အကြိုလူထုတွေ့ဆုံပွဲများကို ရန်ကုန်နှင့် မန္တလေးတို့တွင် ဒီဇင် ဘာ ၆ ရက်ကစတင် ပြုလုပ်သည်။

7day daily