ထိုင်းဘုရင်နတ်ရွာစံခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ထိုင်းသံရုံးတွင် ထိုင်းလူမျိုးများက ဆုတောင်းဝတ်ပြု

13081804_1136480829709399_320826700_n

ထိုင်းဘုရင် ဘူမိဘောနတ်ရွာစံခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အောက်တို ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ မြန်မာနိုင်ငံရောက် ထိုင်းလူမျိုး များက ဆုတောင်းဝတ် ပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီခန့်ကစ၍ မြန်မာ နိုင်ငံရောက် ထိုင်းလူမျိုးများရာနှင့်ချီ၍ ထိုင်းသံရုံးသို့ လာရောက်ပြီး ထိုင်းဘုရင်၏ ရုပ်ပုံလွှာကိုဂါရဝပြုခြင်း၊ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခြင်းနှင့် ထိုင်းဘုန်းကြီးများထံမှ တရားနာယူခြင်းများ ပြုလုပ်ခဲ့သည်။

ထိုင်းဘုရင် ဘူမိဘောသည် ၎င်း၏ သက်တမ်းတစ်လျှောက် ထိုင်းပြည်သူများအတွက် အနစ်နာခံဆောင်ရွက် ခဲ့သဖြင့် နတ်ရွာစံချိန်တွင် ပြည်သူလူထုတစ်ရပ်လုံးက ယခုကဲ့သို့ ဝမ်းနည်းကြေကွဲရခြင်းဖြစ်ပြီး ထီးနန်းကို ဆက်ခံမည့် အိမ်ရှေ့မင်းသားကြီး သည်လည်း ဘူမိဘောကဲ့သို့ တိုင်းပြည်ကောင်းကျိုးကို လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ တက်ရောက်ခဲ့သည့် မစ္စတာ Chaya-pong Choonak က ပြောသည်။

‘‘ဘုရင်မင်းမြတ်ကြီးက ထိုင်းလူမျိုးတွေအတွက် အနစ်နာခံပြီးတော့မှ အားလုံးကိုအပင်ပန်းခံပြီး ပြည်သူတွေ အတွက် ဆောင်ရွက်ခဲ့တယ်။ အခုလို ဘုရင်မင်းမြတ် ကြီး နတ်ရွာစံသွားတဲ့အခါကျ တော့ ထိုင်းပြည်သူ တစ်ရပ်အနေ နဲ့ အရမ်းကို ဝမ်းနည်းမိပါတယ်’’ ဟု ၎င်းက ဆိုသည်။

ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခြင်းကို ထိုင်းသံရုံး၌ ဆက် လက်လက်ခံမည်ဖြစ်ပြီး သံရုံး၏ လုပ်ငန်းစဉ်များကို ရပ်တန့်ခြင်း မရှိဘဲ ရုံးဖွင့်ရက်များတွင် ပုံမှန် အတိုင်း လုပ်ဆောင်ပေးမည်ဟု တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကလည်း ထိုင်းဘုရင် နတ်ရွာစံခြင်းအပေါ် ထိုင်းပြည်သူများနှင့် ထပ်တူထပ် မျှခံစားရကြောင်း ၎င်းတို့၏ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ များမှတစ်ဆင့် ရေးသားထားကြသည်။


Leave a Reply