မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၃ မြို့နယ်မှ တောင်သူများအတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၄၈ ဒသမ ၂၅ ဘီလျံ ထုတ်ချေးထား

မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၃ မြို့နယ်မှ တောင်သူများအတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေ ၁၆ ရက် မှစတင်၍ စက်တင်ဘာလကုန်အထိ ယခင် ၂၀၂၁ ခုနှစ် မိုးချေးငွေပေးဆပ်ပြီးသူများကို ပြန်လည်ထုတ်ချေးပေးခဲ့ရာ ကျပ် ၄၈ ဒသမ ၂၅ ဘီလျံကို ထုတ်ချေးထားကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ)မှ သိရသည်။

“မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ တောင် သူတွေကို ၂၀၂၂ မိုးချေးငွေကို မြို့နယ်၂၃မြို့ နယ်ကနေ ကျပ် ၄၈၂၅၀ ဒသမ ၆၅ သန်း ထုတ်ချေးနိုင်ခဲ့ပါတယ်။ ဧကပေါင်း ၄၂၁၇၉၀ ဧကရှိပြီး တောင်သူဦးရေ ၇၇၃၅၇ ဦးကိုထုတ် ချေးပါတယ်။ ကျေးရွာပေါင်း ၇၉၃ ရွာရှိပါတယ်။ မနှစ်က မိုးချေးငွေ ၂၀၂၁ မိုးချေးငွေ က ၇၆ ရာခိုင်နှုန်း ပြန်လည်ကောက်ခံရရှိထား ပါတယ်။ ၂၀၂၀ မိုးချေးငွေဆိုရင် ၄၃ ရာခိုင် နှုန်း ပြန်လည်ကောက်ခံရရှိထားပါတယ်”ဟု  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး)မှ တိုင်းဒေသကြီး  မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောကြားသည်။

လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူ များကို မိုးရာသီစိုက်ပျိုးချေးငွေအဖြစ် စပါး တစ်ဧကလျှင် တစ်သိန်းခွဲ၊ အခြားစိုက်ပျိုးသီး နှံများဖြစ်သည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြံတို့ အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ထုတ် ချေးခဲ့ကြောင်း သိရသည်။

မိုးချေးငွေများကို ကျောက်ပန်းတောင်း၊ ညောင်ဦး၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ ဝမ်းတွင်း၊ တံတားဦး၊ ပုသိမ်ကြီး၊ အမရပူရ၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဥ့်ကိုင်၊ သပိတ်ကျင်း၊ စဥ့် ကူး၊ မလှိုင်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ သာစည်၊ ငါန်းဇွန်၊ မိတ္ထီလာ၊ မြစ်သား၊ ကျောက်ဆည်၊ မန္တလေးမြို.နယ်ဘဏ်ခွဲများမှ မိုးချေးငွေထုတ် ချေးပေးခဲ့ကြောင်း သိရသည်။