ေက်ာက္ဆည္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးတြင္ အမ်ိဳးသမီးေရးရာစကားဝိုင္း ျပဳလုပ္

ေက်ာက္ဆည္ ဒီဇင္ဘာ ၇

၇-၁၂-၂၀၂၃ ရက္ေန႔ ၀၉:၃၀မွ၁၂:၃၀ အခ်ိန္ထိ ေက်ာက္ဆည္ခရိုင္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမတြင္ အစိမ္းေရာင္စီမံခ်က္(Project Cycle Management)လုပ္ငန္းစဥ္အျဖစ္ အမ်ိဳးသမီးေရးရာ စကားဝိုင္းႏွင့္ပါတီဝင္ေလ်ာက္လႊာ ေပးအပ္ပြဲက အခမ္းအနား က်င္းပျပဳလုပ္ခဲ့ပါသည္။အခမ္းအနားသို ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးညြန္႔ေဆာင္၊ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္၊အမ်ိဳးသမီးေရးရာက႑တာဝန္ခံ ေဒၚသန္းသန္းေအး၊တိုင္းေဒသႀကီးေကာ္မတီဝင္ ဦးမ်ိဳးျမင့္၊ဦးစန္းျမင့္၊ဦးသန္းစိုး ျမင့္၊ေက်ာက္ဆည္ခရိုင္ပါတီ ဥကၠဌ ဦးေအာင္ျမင့္သန္း၊ဘ႑ာေရးမႈး၊ခရိုင္အမ်ိဳးသမီးေရးရာက႑တာဝန္ခံ ေဒၚခင္ႏြယ္ျမင့္၊ ေက်ာက္ဆည္ၿမိဳနယ္ပါတီဥကၠဌ ဦးစိုးစိုးထြန္း၊အတြင္းေရးမႈး ဦးတင္မင္းျမတ္ဦးႏွင့္ေကာ္မတီဝင္မ်ား၊ၿမိဳနယ္အေထာက္အကူျပဳ အဖြဲဝင္မ်ား၊အမ်ိဳးသမီးပါတီဝင္မ်ား၊First Time Voters မ်ား၊စုစုေပါင္းအင္အား ၁၅၀ဦး တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားအား တက္ေရာက္လာသူမ်ားက နိူင္ငံေတာ္အလံအေလးျပဳကာ နိူင္ငံေတာ္သီခ်င္းသီဆို ဖြင့္လွစ္ခဲ့ပါသည္။၎ေနာက္ ပါတီဗဟို အလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက ႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ၿပီး ျပည္ခိုင္ၿဖိဳးအသင္းႀကီး ဖြဲစည္းေပၚေပါက္လာပုံႏွင့္ျပည္ခိုင္ၿဖိဳးအသင္းကာလ ေဆာင္ရြက္ခဲ့သည့္ လုပ္ငန္းစဥ္မ်ားႏွင့္နိူင္ငံေတာ္တြင္ ျဖစ္ေပၚခဲ့သည့္ သမိုင္းေၾကာင္း ျဖစ္စဥ္မ်ား၊ျပည္ခိုင္ၿဖိဳးပါတီအား နိူင္ငံေတာ္ႏွင့္နိူင္ငံသားမ်ား အက်ိဳးသယ္ပိုးေဆာင္ရြက္ရန္၊အမ်ိဳးဘာသာ သာသနာကို ကာကြယ္ေစာင့္ေရွာက္ရန္ ရည္ရြယ္ခ်က္ျဖင့္ ဖြဲစည္းခဲ့ျခင္းျဖစ္ေၾကာင္း၊ေရြးေကာက္ပြဲတြင္ ပါတီတစ္ခု အနိူင္ရရွိေရးအတြက္ ျပည္သူလူထု ေထာက္ခံမႈရရွိရန္ လိုအပ္ေၾကာင္း၊ပါတီဝင္အင္အား ေတာင့္တင္းရန္လိုအပ္သကဲ့သို ပါတီဝန္းရံသူ၊ပါတီအား ေထာက္ခံသူမ်ားရွိရန္ လိုအပ္သည့္အတြက္ ယေန႔ အမ်ိဳးသမီးေရးရာ စကားဝိုင္းအား ျပဳလုပ္ျခင္းျဖစ္ေၾကာင္း၊ပါတီဗဟိုဌာနခ်ဳပ္၏ လမ္းညႊန္မႈျဖင့္ အစိမ္းေရာင္စီမံခ်က္(PCM)အား ေဆာင္ရြက္လ်က္ရွိသည္မွာ ၃လ ရွိၿပီျဖစ္ၿပီး လူငယ္/အမ်ိဳးသမီး ပါတီဝင္အသစ္တိုးခ်ဲ႕ စည္း႐ုံးေရးေဆာင္ရြက္ခဲ့ေၾကာင္း၊နိူင္ငံေတာ္၏ ဦးေဆာင္မႈ အခန္းက႑တြင္ အမ်ိဳးသမီးမ်ား ပါဝင္မႈ ျမႇင့္တင္ေရးအတြက္ အရည္အခ်င္း ျပည့္ဝေသာ အမ်ိဳးသမီးမ်ား ျဖစ္လာေစရန္၊ေျပာေရး ဆိုစ ရွိလာေစရန္ ရည္ရြယ္ခ်က္ျဖင့္ အမ်ိဳးသမီးေရးရာ စကားဝိုင္း က်င္းပျခင္းျဖစ္ေၾကာင္း၊ယေန႔စကားဝိုင္းတြင္ တက္ေရာက္လာသည့္ အမ်ိဳးသမီးမ်ားအေနျဖင့္ ေခါင္းစဥ္ပါ အေၾကာင္းအရာမ်ားကို လြတ္လပ္ ပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးသြားၾကေစလိုေၾကာင္း၊အမ်ိဳးသမီးမ်ားအား ေလ့က်င့္ ျပဳစု ပ်ိဳးေထာင္ေပးရန္ ရည္ရြယ္ခ်က္ျဖင့္ ျပဳလုပ္သည့္ ေဆြးေႏြးပြဲျဖစ္၍ အမ်ိဳးသမီးအားလုံး ပါဝင္ေဆြးေႏြးေပးၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားခဲ့ပါသည္။ဆက္လက္၍ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္၊အမ်ိဳးသမီးေရးရာက႑တာဝန္ခံ ေဒၚသန္းသန္းေအးက စကားဝိုင္းေဆြးေႏြးပြဲ ျပဳလုပ္မည့္ အစီအစဥ္မ်ား၊ေဆြးေႏြးရမည့္ အေၾကာင္းအရာတိုကို ရွင္းလင္းေျပာၾကားခဲ့ပါသည္။ဆက္လက္၍ အစိမ္းေရာင္စီမံခ်က္အရ တိုးခ်ဲ႕စည္း႐ုံးရရွိသည့္ ေက်ာက္ဆည္ၿမိဳနယ္မွ အမ်ိဳးသမီးပါတီဝင္အသစ္ ၁၀၀ဦး၏ ပါတီဝင္ေလ်ာက္လႊာမ်ားအား ၿမိဳနယ္ပါတီဥကၠဌ ဦးစိုးစိုးထြန္းႏွင့္ၿမိဳနယ္ေကာ္မတီဝင္၊အမ်ိဳးသမီးေရးရာက႑တာဝန္ခံ ေဒၚခင္သန္းႏြယ္တိုက ေပးအပ္ခဲ့ရာ ပါတီဗဟိုအလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးညြန္႔ေဆာင္တိုက လက္ခံရယူခဲ့ၾကပါသည္။၎ေနာက္ တက္ေရာက္လာသည့္ အမ်ိဳးသမီးမ်ားအား အစုအဖြဲ ၂ဖြဲခြဲ၍ အစုအဖြဲအလိုက္ သတ္မွတ္ထားသည့္ ေခါင္းစဥ္ျဖင့္ စုဖြဲေဆြးေႏြးခဲ့ၾကပါသည္။ထိုသို ေဆြးေႏြးရာတြင္ အစုအဖြဲ(၁)တြင္ ပါဝင္သည့္ အမ်ိဳးသမီးမ်ားက ၂၀၂၀-ေရြးေကာက္ပြဲအလြန္ လက္ရွိနိူင္ငံေရး အေျခအေနမ်ားအေပၚ အမ်ိဳးသမီးအင္အားစုမ်ား၏ သေဘာထားအျမင္ ေခါင္းစဥ္ျဖင့္လည္းေကာင္း၊အစုအဖြဲ(၂)တြင္ ပါဝင္သည့္ အမ်ိဳးသမီးမ်ားက ျပည္ခိုင္ၿဖိဳးပါတီအေပၚ အမ်ိဳးသမီးအင္အားစုမ်ား၏ သေဘာထားအျမင္ ေခါင္းစဥ္ျဖင့္လည္းေကာင္း အျပန္အလွန္ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကပါသည္။၎ေနာက္ အစုအဖြဲမ်ားက ေဆြးေႏြးေတြ႕ရွိခ်က္မ်ားအေပၚ အစုအဖြဲတစ္ခုစီမွ အမ်ိဳးသမီးတစ္ဦးစီက တင္ျပေဆြးေႏြးခဲ့ၿပီး တင္ျပေဆြးေႏြးမႈမ်ားအေပၚ ပါတီဗဟို အလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက လိုအပ္သည္မ်ား ျဖည့္စြက္ေဆြးေႏြးခဲ့ၿပီး နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားကာ စကားဝိုင္းေဆြးေႏြးပြဲအား ႐ုပ္သိမ္းခဲ့ပါသည္။

=======================

ကျောက်ဆည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အမျိုးသမီးရေးရာစကားဝိုင်း ပြုလုပ်

ကျောက်ဆည် ဒီဇင်ဘာ ၇

၇-၁၂-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၂:၃၀ အချိန်ထိ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အစိမ်းရောင်စီမံချက်(Project Cycle Management)လုပ်ငန်းစဉ်အဖြစ် အမျိုးသမီးရေးရာ စကားဝိုင်းနှင့်ပါတီဝင်လျောက်လွှာ ပေးအပ်ပွဲက အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊တိုင်းဒေသကြီးကော်မတီဝင် ဦးမျိုးမြင့်၊ဦးစန်းမြင့်၊ဦးသန်းစိုး မြင့်၊ကျောက်ဆည်ခရိုင်ပါတီ ဥက္ကဌ ဦးအောင်မြင့်သန်း၊ဘဏ္ဍာရေးမှုး၊ခရိုင်အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်ခင်နွယ်မြင့်၊ ကျောက်ဆည်မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦးနှင့်ကော်မတီဝင်များ၊မြိုနယ်အထောက်အကူပြု အဖွဲဝင်များ၊အမျိုးသမီးပါတီဝင်များ၊First Time Voters များ၊စုစုပေါင်းအင်အား ၁၅၀ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအား တက်ရောက်လာသူများက နိူင်ငံတော်အလံအလေးပြုကာ နိူင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ခဲ့ပါသည်။၎င်းနောက် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးအသင်းကြီး ဖွဲစည်းပေါ်ပေါက်လာပုံနှင့်ပြည်ခိုင်ဖြိုးအသင်းကာလ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့်နိူင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်း ဖြစ်စဉ်များ၊ပြည်ခိုင်ဖြိုးပါတီအား နိူင်ငံတော်နှင့်နိူင်ငံသားများ အကျိုးသယ်ပိုးဆောင်ရွက်ရန်၊အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲစည်းခဲ့ခြင်းဖြစ်ကြောင်း၊ရွေးကောက်ပွဲတွင် ပါတီတစ်ခု အနိူင်ရရှိရေးအတွက် ပြည်သူလူထု ထောက်ခံမှုရရှိရန် လိုအပ်ကြောင်း၊ပါတီဝင်အင်အား တောင့်တင်းရန်လိုအပ်သကဲ့သို ပါတီဝန်းရံသူ၊ပါတီအား ထောက်ခံသူများရှိရန် လိုအပ်သည့်အတွက် ယနေ့ အမျိုးသမီးရေးရာ စကားဝိုင်းအား ပြုလုပ်ခြင်းဖြစ်ကြောင်း၊ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်မှုဖြင့် အစိမ်းရောင်စီမံချက်(PCM)အား ဆောင်ရွက်လျက်ရှိသည်မှာ ၃လ ရှိပြီဖြစ်ပြီး လူငယ်/အမျိုးသမီး ပါတီဝင်အသစ်တိုးချဲ့ စည်းရုံးရေးဆောင်ရွက်ခဲ့ကြောင်း၊နိူင်ငံတော်၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှု မြှင့်တင်ရေးအတွက် အရည်အချင်း ပြည့်ဝသော အမျိုးသမီးများ ဖြစ်လာစေရန်၊ပြောရေး ဆိုစ ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးရေးရာ စကားဝိုင်း ကျင်းပခြင်းဖြစ်ကြောင်း၊ယနေ့စကားဝိုင်းတွင် တက်ရောက်လာသည့် အမျိုးသမီးများအနေဖြင့် ခေါင်းစဉ်ပါ အကြောင်းအရာများကို လွတ်လပ် ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြစေလိုကြောင်း၊အမျိုးသမီးများအား လေ့ကျင့် ပြုစု ပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်၍ အမျိုးသမီးအားလုံး ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေးက စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်မည့် အစီအစဉ်များ၊ဆွေးနွေးရမည့် အကြောင်းအရာတိုကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ အစိမ်းရောင်စီမံချက်အရ တိုးချဲ့စည်းရုံးရရှိသည့် ကျောက်ဆည်မြိုနယ်မှ အမျိုးသမီးပါတီဝင်အသစ် ၁၀၀ဦး၏ ပါတီဝင်လျောက်လွှာများအား မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့်မြိုနယ်ကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်ခင်သန်းနွယ်တိုက ပေးအပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်တိုက လက်ခံရယူခဲ့ကြပါသည်။၎င်းနောက် တက်ရောက်လာသည့် အမျိုးသမီးများအား အစုအဖွဲ ၂ဖွဲခွဲ၍ အစုအဖွဲအလိုက် သတ်မှတ်ထားသည့် ခေါင်းစဉ်ဖြင့် စုဖွဲဆွေးနွေးခဲ့ကြပါသည်။ထိုသို ဆွေးနွေးရာတွင် အစုအဖွဲ(၁)တွင် ပါဝင်သည့် အမျိုးသမီးများက ၂၀၂၀-ရွေးကောက်ပွဲအလွန် လက်ရှိနိူင်ငံရေး အခြေအနေများအပေါ် အမျိုးသမီးအင်အားစုများ၏ သဘောထားအမြင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊အစုအဖွဲ(၂)တွင် ပါဝင်သည့် အမျိုးသမီးများက ပြည်ခိုင်ဖြိုးပါတီအပေါ် အမျိုးသမီးအင်အားစုများ၏ သဘောထားအမြင် ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။၎င်းနောက် အစုအဖွဲများက ဆွေးနွေးတွေ့ရှိချက်များအပေါ် အစုအဖွဲတစ်ခုစီမှ အမျိုးသမီးတစ်ဦးစီက တင်ပြဆွေးနွေးခဲ့ပြီး တင်ပြဆွေးနွေးမှုများအပေါ် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ စကားဝိုင်းဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ပါသည်။