Time မဂၢဇင္း၏ တစ္ႏွစ္တာ အေကာင္းဆုံးအားကစားသမားဆု မက္ဆီ ရရွိ

ဒီဇင္ဘာ ၈

ကမၻာ့ထိပ္တန္းမဂၢဇင္းျဖစ္သည့္ Time မဂၢဇင္း၏ ၂၀၂၃ ခုႏွစ္ တစ္ႏွစ္တာ အေကာင္းဆုံးအားကစားသမား (Time’s 2023 Athlete of the Year) အျဖစ္ ေဘာလုံးကစားသမားမ်ားတြင္ အာဂ်င္တီးနားနဲ႔ အင္တာမိုင္ယာမီ အသင္းတိုက္စစ္မႉး မက္ဆီက ပထမဆုံး ရရွိခဲ့ေၾကာင္း သိရသည္။

မက္ဆီသည္ အာဂ်င္တီးနားအသင္းႏွင့္ ၂၀၂၂ ကမၻာ့ဖလား ဆြတ္ခူးနိုင္ခဲ့ၿပီးေနာက္ပိုင္း တစ္ဦးခ်င္း အေကာင္းဆုံးဆုမ်ားကို ဆြတ္ခူးနိုင္ခဲ့ၿပီး ေဘာလုံး ေလာကတြင္ အျမင့္မားဆုံးဆုျဖစ္သည့္ ကမၻာ့အေကာင္းဆုံး ကစားသမားဆု (ဘလြန္းဒီေအာ့ဖ္) ကိုလည္း (၈) ႀကိမ္ေျမာက္ ဆြတ္ခူးနိုင္ခဲ့သည္။

လက္ရွိအခ်ိန္ထိ Time မဂၢဇင္း၏ တစ္ႏွစ္တာ အေကာင္းဆုံး အားကစားသမား(Time’s 2023 Athlete of the Year) အျဖစ္ တျခားအားကစားနည္းမ်ားမွ ထိပ္တန္းကစားသမားမ်ား ေရြးခ်ယ္ခံရဖူးေသာ္လည္း ေဘာလုံး အားကစားနည္းတြင္ တစ္ဦးမၽွ ေရြးခ်ယ္ခံရျခင္း မရွိဘဲ ယခုအခါမွသာ မက္ဆီက ပထမဆုံး ေရြးခ်ယ္ခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

===============

Time မဂ္ဂဇင်း၏ တစ်နှစ်တာ အကောင်းဆုံးအားကစားသမားဆု မက်ဆီ ရရှိ

ဒီဇင်ဘာ ၈

ကမ္ဘာ့ထိပ်တန်းမဂ္ဂဇင်းဖြစ်သည့် Time မဂ္ဂဇင်း၏ ၂၀၂၃ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးအားကစားသမား (Time’s 2023 Athlete of the Year) အဖြစ် ဘောလုံးကစားသမားများတွင် အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူး မက်ဆီက ပထမဆုံး ရရှိခဲ့ကြောင်း သိရသည်။

မက်ဆီသည် အာဂျင်တီးနားအသင်းနှင့် ၂၀၂၂ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း တစ်ဦးချင်း အကောင်းဆုံးဆုများကို ဆွတ်ခူးနိုင်ခဲ့ပြီး ဘောလုံး လောကတွင် အမြင့်မားဆုံးဆုဖြစ်သည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (ဘလွန်းဒီအော့ဖ်) ကိုလည်း (၈) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။

လက်ရှိအချိန်ထိ Time မဂ္ဂဇင်း၏ တစ်နှစ်တာ အကောင်းဆုံး အားကစားသမား(Time’s 2023 Athlete of the Year) အဖြစ် တခြားအားကစားနည်းများမှ ထိပ်တန်းကစားသမားများ ရွေးချယ်ခံရဖူးသော်လည်း ဘောလုံး အားကစားနည်းတွင် တစ်ဦးမျှ ရွေးချယ်ခံရခြင်း မရှိဘဲ ယခုအခါမှသာ မက်ဆီက ပထမဆုံး ရွေးချယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။