ျမန္မာလုပ္သား ၈၀၀ ေက်ာ္ေခၚရန္ ဂ်ပန္ကမ္း လွမ္း

ဒီဇင္ဘာ ၅

ဂ်ပန္နိုင္ငံက ျမန္မာအလုပ္သမား အေယာက္ ၈၀၀ ေက်ာ္ကို ေခၚယူရန္ ကမ္းလွမ္းထားသည္ဟု တိုက်ိဳ ၿမိဳ႕၊ ျမန္မာသံ႐ုံးကေန သိရပါသည္။ ျမန္မာသံ႐ုံးအေနႏွင့္ နိုဝင္ဘာလ ၁၆ ရက္မွ နိုဝင္ဘာလ ၃၀ ရက္အတြင္း အလုပ္ကမ္းလွမ္းစာ ၂၈၈ ခုကို စိစစ္ၿပီး နိုင္ငံ ျခားေရးဝန္ႀကီးဌာနသို႔ ေပးပို႔ထားသည္ဟု ဆိုပါသည္။

၎ ကမ္းလွမ္းစာမ်ားအရ ဂ်ပန္ကုမၸဏီ ၂၀၀ ေက်ာ္က ျမန္မာအလုပ္သမား အမ်ိဳးသား ၃၀၀ ေက်ာ္ႏွင့္ အမ်ိဳးသမီး ၅၀၀ ေက်ာ္ ေခၚယူမွာျဖစ္သည္။ ၂၀၂၃ ခုႏွစ္အတြင္းတြင္ ဂ်ပန္နိုင္ငံက ျမန္မာ အလုပ္ သမား ေခၚယူမႈအေနႏွင့္ တစ္လလၽွင္ ႏွစ္ႀကိမ္ခန႔္ ေခၚယူေနျခင္းျဖစ္ၿပီး တစ္ႀကိမ္လၽွင္လုပ္သားဦးေရေထာင္ဂဏန္းဝန္းက်င္အထိ ေခၚယူေနသည္ဟု ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ သိရပါသည္။

==================

မြန်မာလုပ်သား ၈၀၀ ကျော်ခေါ်ရန် ဂျပန်ကမ်း လှမ်း

ဒီဇင်ဘာ ၅

ဂျပန်နိုင်ငံက မြန်မာအလုပ်သမား အယောက် ၈၀၀ ကျော်ကို ခေါ်ယူရန် ကမ်းလှမ်းထားသည်ဟု တိုကျို မြို့၊ မြန်မာသံရုံးကနေ သိရပါသည်။ မြန်မာသံရုံးအနေနှင့် နိုဝင်ဘာလ ၁၆ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အတွင်း အလုပ်ကမ်းလှမ်းစာ ၂၈၈ ခုကို စိစစ်ပြီး နိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ ပေးပို့ထားသည်ဟု ဆိုပါသည်။

၎င်း ကမ်းလှမ်းစာများအရ ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၀၀ ကျော်နှင့် အမျိုးသမီး ၅၀၀ ကျော် ခေါ်ယူမှာဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်းတွင် ဂျပန်နိုင်ငံက မြန်မာ အလုပ် သမား ခေါ်ယူမှုအနေနှင့် တစ်လလျှင် နှစ်ကြိမ်ခန့် ခေါ်ယူနေခြင်းဖြစ်ပြီး တစ်ကြိမ်လျှင်လုပ်သားဦးရေထောင်ဂဏန်းဝန်းကျင်အထိ ခေါ်ယူနေသည်ဟု မြန်မာသံရုံးမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရပါသည်။