ပရီးမီးယားလိဂ္က ၂၀၂၅-၂၆ ရာသီမွ ၂၀၂၈ – ၂၉ ရာသီအထိ ၿဗိတိန္နိုင္ငံအတြင္း ႐ုပ္သံထုတ္လႊင့္ခြင့္မ်ားကို ေပါင္ ၆ ဒသမ ၇ ဘီလီယံျဖင့္ ေရာင္းခ်နိုင္ခဲ့ဟု အတည္ျပဳ

ဒီဇင္ဘာ ၅

ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ၂၀၂၅-၂၆ ရာသီမွ ၂၀၂၈-၂၉ ရာသီအထိ ၿဗိတိန္နိုင္ငံအတြင္း ႐ုပ္သံထုတ္လႊင့္ခြင့္ မ်ားကို ေပါင္ ၆ ဒသမ ၇ ဘီလီယံနဲ႔ ေရာင္းခ်နိုင္ခဲ့တယ္လို႔ နိုဝင္ဘာလ ၄ ရက္က အတည္ျပဳထုတ္ ျပန္ေၾကညာ ခဲ့ပါတယ္။

အဆိုပါ ေရာင္းခ်မႈအရ ၿဗိတိန္နိုင္ငံအတြင္း ပရီးမီးယားလိဂ္ပြဲစဥ္အမ်ားစုကို Sky Sports ႐ုပ္သံက ထုတ္လႊင့္ ျပသခြင့္ရရွိမွာျဖစ္ၿပီး တစ္ရာသီကို အနည္း ဆုံး ၂၁၅ ပြဲ ျပသခြင့္ရရွိမွာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ၿဗိတိန္နိုင္ငံအတြင္း ႐ုပ္သံထုတ္လႊင့္ျပသခြင့္ကို Package ၅ ခု ခြဲျခားေရာင္းခ်ခဲ့ရာ Sky Sports က Package ၄ မ်ိဳး အထိ ဝယ္ယူနိုင္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ Sky Sports ႐ုပ္သံဟာ ယခင္ကထက္ တစ္ရာသီကို ပရီးမီးယားလိဂ္ပြဲစဥ္ ၁၀၀ အထိ ပိုမိုထုတ္လႊင့္ ျပသခြင့္ရရွိမွာျဖစ္ၿပီး အျခားေသာ႐ုပ္သံဌာနမ်ားထက္ တစ္ပတ္ကို အနည္း ဆုံး ၄ ပြဲ ပိုမိုျပသခြင့္ရရွိမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ စာခ်ဳပ္သစ္အရ Sky Sports သည္ ပရိသတ္စိတ္အဝင္စားဆုံးျဖစ္တဲ့ ပရီးမီးယားလိဂ္ရဲ့ ရာသီ ပိတ္ေနာက္ဆုံးပြဲစဥ္ ၃၈ မွ ၁၀ ပြဲစလုံးကို ပထမဆုံးအႀကိမ္အျဖစ္ ထုတ္လႊင့္ျပသခြင့္ရရွိမွာ ျဖစ္တယ္လို႔ သိရပါတယ္။

=================

ပရီးမီးယားလိဂ်က ၂၀၂၅-၂၆ ရာသီမှ ၂၀၂၈ – ၂၉ ရာသီအထိ ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့်များကို ပေါင် ၆ ဒသမ ၇ ဘီလီယံဖြင့် ရောင်းချနိုင်ခဲ့ဟု အတည်ပြု

ဒီဇင်ဘာ ၅

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ၂၀၂၅-၂၆ ရာသီမှ ၂၀၂၈-၂၉ ရာသီအထိ ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့် များကို ပေါင် ၆ ဒသမ ၇ ဘီလီယံနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၄ ရက်က အတည်ပြုထုတ် ပြန်ကြေညာ ခဲ့ပါတယ်။

အဆိုပါ ရောင်းချမှုအရ ဗြိတိန်နိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်အများစုကို Sky Sports ရုပ်သံက ထုတ်လွှင့် ပြသခွင့်ရရှိမှာဖြစ်ပြီး တစ်ရာသီကို အနည်း ဆုံး ၂၁၅ ပွဲ ပြသခွင့်ရရှိမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ပြသခွင့်ကို Package ၅ ခု ခွဲခြားရောင်းချခဲ့ရာ Sky Sports က Package ၄ မျိုး အထိ ဝယ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် Sky Sports ရုပ်သံဟာ ယခင်ကထက် တစ်ရာသီကို ပရီးမီးယားလိဂ်ပွဲစဉ် ၁၀၀ အထိ ပိုမိုထုတ်လွှင့် ပြသခွင့်ရရှိမှာဖြစ်ပြီး အခြားသောရုပ်သံဌာနများထက် တစ်ပတ်ကို အနည်း ဆုံး ၄ ပွဲ ပိုမိုပြသခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စာချုပ်သစ်အရ Sky Sports သည် ပရိသတ်စိတ်အဝင်စားဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ ရာသီ ပိတ်နောက်ဆုံးပွဲစဉ် ၃၈ မှ ၁၀ ပွဲစလုံးကို ပထမဆုံးအကြိမ်အဖြစ် ထုတ်လွှင့်ပြသခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။