ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမတြင္ လူငယ္/အမ်ိဳးသမီးအင္အားတိုးပြားေရး လုပ္ငန္းစဥ္ႏွင့္ပါတီလုပ္ငန္းဆိုင္ရာမ်ား ရွင္းလင္းပြဲျပဳလုပ္

ေပ်ာ္ဘြယ္ ဒီဇင္ဘာ ၅

၅-၁၂-၂၀၂၃ ရက္ေန႔ ၁၄:၀၀မွ၁၆:၀၀ အခ်ိန္ထိ ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမတြင္ အစိမ္းေရာင္စီမံခ်က္(Project Cycle Management)ပါ လုပ္ငန္းစဥ္ျဖစ္သည့္ လူငယ္/အမ်ိဳးသမီးအင္အားတိုးပြားေရး လုပ္ငန္းစဥ္ မ်ားႏွင့္ပါတီလုပ္ငန္းဆိုင္ရာမ်ားရွင္းလင္းပြဲ အခမ္းအနား က်င္းပျပဳလုပ္ခဲ့ပါသည္။

အခမ္းအနားသို ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီ ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ အမ်ိဳးသမီးေရးရာက႑တာဝန္ခံ ေဒၚသန္းသန္းေအး၊လူငယ္ေရးရာက႑တာဝန္ခံ ဦးေအာင္နိူင္ဦး၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ဦးေက်ာ္စန္း၊ရမည္းသင္းခရိုင္ပါတီဥကၠဌ ေဒၚသန္းသန္းေအး၊အတြင္းေရးမႈး ဦးထြန္းျမင့္ႏွင့္ေကာ္မတီဝင္မ်ား၊ရမည္းသင္းခရိုင္အတြင္းရွိ ရမည္းသင္း၊ေပ်ာ္ဘြယ္ၿမိဳနယ္တိုမွ ဥကၠဌ၊အတြင္းေရးမႈး၊ေကာ္မတီဝင္မ်ား၊လူငယ္ေရးရာအဖြဲဝင္မ်ား၊စုစုေပါင္းအင္အား ၅၀ဦး တက္ေရာက္ခဲ့ၾကပါသည္။

အခမ္းအနားတြင္ ပါတီဗဟို အလုပ္အမႈေဆာင္တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက ပါတီဗဟိုဌာနခ်ဳပ္၏ လမ္းညႊန္မႈျဖင့္ အစိမ္းေရာင္စီမံခ်က္(PCM)ပါအတိုင္း လူငယ္/အမ်ိဳးသမီး အင္အားတိုးပြားေရးအတြက္ တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳနယ္မ်ားအေနျဖင့္ လူငယ္/အမ်ိဳးသမီး အင္အားတိုးပြားေရးလုပ္ငန္းစဥ္အား ဆက္လက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊လုပ္ငန္းစဥ္ ေအာင္ျမင္ ၿပီးေျမာက္ေရးအတြက္ ၿမိဳနယ္ေကာ္မတီဝင္အားလုံး တက္ညီလက္ညီ ပူးေပါင္းေဆာင္ရြက္ၾကရန္ လိုအပ္ေၾကာင္း၊ယခု စည္း႐ုံးရရွိသည့္ လူငယ္/အမ်ိဳးသမီး ပါတီဝင္အသစ္ထဲမွ အမာခံေကဒါမ်ား ေရြးခ်ယ္ေလ့က်င့္ေပးမည့္ အစီအစဥ္ရွိသျဖင့္ စတင္စည္း႐ုံးစဥ္ကတည္းက အရည္အခ်င္းရွိသူမ်ားကို စည္း႐ုံးေပးရန္ လိုအပ္ေၾကာင္း၊ပါတီဝင္အင္အားႏွင့္ပတ္သက္၍ ၿမိဳနယ္မ်ားမွ စီစစ္ၿပီး ပါတီဝင္အင္အားမ်ား တင္ျပထားၿပီးျဖစ္ရာ ၎ပါတီဝင္အင္အားမ်ားကို ပုံစံ(ဇ)ေရးသြင္းထားရမည္ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြး ေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္၊အမ်ိဳးသမီးေရးရာက႑တာဝန္ခံ ေဒၚသန္းသန္းေအးႏွင့္လူငယ္ေရးရာက႑တာဝန္ခံ ဦးေအာင္နိူင္ဦးတိုက အစိမ္းေရာင္စီမံခ်က္(PCM)ပါ လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး ေဆာင္ရြက္ရမည့္ စည္း႐ုံးေရးနယ္ေၿမ ေရြးခ်ယ္ျခင္း၊အစုအဖြဲ သတ္မွတ္ျခင္း၊အလႊာေရြးခ်ယ္ျခင္းႏွင့္စီမံခ်က္ကာလအတြင္း လအလိုက္ေဆာင္ရြက္သြားရမည့္ လုပ္ငန္းစဥ္မ်ားအား အေသးစိတ္ ရွင္းလင္းေျပာၾကားခဲ့ပါသည္။၎ေနာက္ တိုင္းေဒသႀကီးပါတီ ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္က ပါတီလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ တိုင္းေဒသႀကီးပါတီ႐ုံးသို လစဥ္ေပးပိုရမည့္ စာရင္းမ်ား အခ်ိန္မီေပးပိုေရး၊ခရိုင္/ၿမိဳနယ္မ်ားမွ အစည္းအေဝးမ်ား ပုံမွန္ျပဳလုပ္ေရး၊ျပည့္မ႑ိဳင္လႈပ္ရွားမႈႏွင့္ရက္(၉၀)စီမံခ်က္ပါ လုပ္ငန္းစဥ္မ်ားအား သတ္မွတ္ခ်က္ႏွင့္အညီ ေဆာင္ရြက္ေရး၊အေထာက္အကူျပဳအဖြဲမ်ားႏွင့္ လစဥ္ေတြ႕ဆုံသြားေရး၊Application ျဖင့္ ပါတီဝင္ပုံစံ ျဖည့္သြင္းေရး လုပ္ငန္းစဥ္အား ဆက္လက္ ေဆာင္ရြက္သြားေရး၊ခရိုင္/ၿမိဳနယ္/ရပ္ေက်း ပါတီေကာ္မတီဝင္မ်ားထဲမွ ပါတီဝင္နံပါတ္မက်ေသးသူမ်ား စာရင္းအား ျပဳစုေပးပိုေရး၊ပါတီပိုင္ ပစၥည္းမ်ားအား စနစ္တက် စာရင္းျပဳစု၍ ထိန္းသိမ္းေရး၊ေငြေၾကးသုံးစြဲရာတြင္ ဘ႑ာေရး လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် သုံးစြဲေရး လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။၎ေနာက္ ခရိုင္/ၿမိဳနယ္ပါတီ ဥကၠဌမ်ားက လုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနႏွင့္ဆက္လက္ေဆာင္ရြက္မည့္ လုပ္ငန္းစဥ္မ်ားအား တင္ျပခဲ့ရာ ပါတီဗဟို အလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက လိုအပ္သည္မ်ား ျဖည့္စြက္ေျပာၾကားခဲ့ၿပီးနိဂုံးခ်ဳပ္အမွာစကား ေျပာၾကားကာ အခမ္းအနားအား ႐ုပ္သိမ္းခဲ့ပါသည္။

==================

ပျော်ဘွယ်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် လူငယ်/အမျိုးသမီးအင်အားတိုးပွားရေး လုပ်ငန်းစဥ်နှင့်ပါတီလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပွဲပြုလုပ်
=========================
ပျော်ဘွယ် ဒီဇင်ဘာ ၅

၅-၁၂-၂၀၂၃ ရက်နေ့ ၁၄:၀၀မှ၁၆:၀၀ အချိန်ထိ ပျော်ဘွယ်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အစိမ်းရောင်စီမံချက်(Project Cycle Management)ပါ လုပ်ငန်းစဥ်ဖြစ်သည့် လူငယ်/အမျိုးသမီးအင်အားတိုးပွားရေး လုပ်ငန်းစဥ် များနှင့်ပါတီလုပ်ငန်းဆိုင်ရာများရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဦးအောင်နိူင်ဦး၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ရမည်းသင်းခရိုင်ပါတီဥက္ကဌ ဒေါ်သန်းသန်းအေး၊အတွင်းရေးမှုး ဦးထွန်းမြင့်နှင့်ကော်မတီဝင်များ၊ရမည်းသင်းခရိုင်အတွင်းရှိ ရမည်းသင်း၊ပျော်ဘွယ်မြိုနယ်တိုမှ ဥက္ကဌ၊အတွင်းရေးမှုး၊ကော်မတီဝင်များ၊လူငယ်ရေးရာအဖွဲဝင်များ၊စုစုပေါင်းအင်အား ၅၀ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပါတီဗဟို အလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်မှုဖြင့် အစိမ်းရောင်စီမံချက်(PCM)ပါအတိုင်း လူငယ်/အမျိုးသမီး အင်အားတိုးပွားရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်များအနေဖြင့် လူငယ်/အမျိုးသမီး အင်အားတိုးပွားရေးလုပ်ငန်းစဥ်အား ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊လုပ်ငန်းစဥ် အောင်မြင် ပြီးမြောက်ရေးအတွက် မြိုနယ်ကော်မတီဝင်အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ယခု စည်းရုံးရရှိသည့် လူငယ်/အမျိုးသမီး ပါတီဝင်အသစ်ထဲမှ အမာခံကေဒါများ ရွေးချယ်လေ့ကျင့်ပေးမည့် အစီအစဥ်ရှိသဖြင့် စတင်စည်းရုံးစဥ်ကတည်းက အရည်အချင်းရှိသူများကို စည်းရုံးပေးရန် လိုအပ်ကြောင်း၊ပါတီဝင်အင်အားနှင့်ပတ်သက်၍ မြိုနယ်များမှ စီစစ်ပြီး ပါတီဝင်အင်အားများ တင်ပြထားပြီးဖြစ်ရာ ၎င်းပါတီဝင်အင်အားများကို ပုံစံ(ဇ)ရေးသွင်းထားရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေးနှင့်လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဦးအောင်နိူင်ဦးတိုက အစိမ်းရောင်စီမံချက်(PCM)ပါ လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆောင်ရွက်ရမည့် စည်းရုံးရေးနယ်မြေ ရွေးချယ်ခြင်း၊အစုအဖွဲ သတ်မှတ်ခြင်း၊အလွှာရွေးချယ်ခြင်းနှင့်စီမံချက်ကာလအတွင်း လအလိုက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။၎င်းနောက် တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်က ပါတီလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီးပါတီရုံးသို လစဥ်ပေးပိုရမည့် စာရင်းများ အချိန်မီပေးပိုရေး၊ခရိုင်/မြိုနယ်များမှ အစည်းအဝေးများ ပုံမှန်ပြုလုပ်ရေး၊ပြည့်မဏ္ဍိုင်လှုပ်ရှားမှုနှင့်ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဥ်များအား သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရေး၊အထောက်အကူပြုအဖွဲများနှင့် လစဥ်တွေ့ဆုံသွားရေး၊Application ဖြင့် ပါတီဝင်ပုံစံ ဖြည့်သွင်းရေး လုပ်ငန်းစဥ်အား ဆက်လက် ဆောင်ရွက်သွားရေး၊ခရိုင်/မြိုနယ်/ရပ်ကျေး ပါတီကော်မတီဝင်များထဲမှ ပါတီဝင်နံပါတ်မကျသေးသူများ စာရင်းအား ပြုစုပေးပိုရေး၊ပါတီပိုင် ပစ္စည်းများအား စနစ်တကျ စာရင်းပြုစု၍ ထိန်းသိမ်းရေး၊ငွေကြေးသုံးစွဲရာတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ သုံးစွဲရေး လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။၎င်းနောက် ခရိုင်/မြိုနယ်ပါတီ ဥက္ကဌများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား တင်ပြခဲ့ရာ ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ပြီးနိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။