ကိုရီးယားနိုင္ငံကို EPS လုပ္သား ၉,၀၀၀ ေက်ာ္ေစလႊတ္ခဲ့

ဒီဇင္ဘာ ၅

ကိုရီးယားသမၼတနိုင္ငံကို EPS စနစ္ႏွင့္ လုပ္ သားမ်ား ေစလႊတ္ေပးေနရာတြင္ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလမွ နိုဝင္ဘာလအထိ လုပ္သား ၉,၂၃၉ ေယာက္ ေစ လႊတ္ခဲ့ၿပီးျဖစ္သည္ဟု အစိုးရျပည္ပအလုပ္အကိုင္ ေအဂ်င္စီ POEA မွ သိရပါသည္။

လုပ္သားမ်ား ေစလႊတ္ရာ၌ ကုန္ထုတ္လုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအတြက္ ေစလႊတ္ေပးခဲ့ျခင္းျဖစ္ၿပီး ကုန္ထုတ္လုပ္သား ၇,၀၀၀ ေက်ာ္၊ ေဆာက္လုပ္ေရးလုပ္သား ၂၀၀ ေက်ာ္ႏွင့္ စိုက္ပ်ိဳးေရးလုပ္ သား ၁,၀၀၀ ေက်ာ္ ေစ လႊတ္နိုင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုပါသည္။

လက္ရွိတြင္ ကိုရီးယားကို EPS စနစ္တစ္မ်ိဳးတည္းႏွင့္ အစိုးရျပည္ပအလုပ္အကိုင္ ေအဂ်င္စီက ေစလႊတ္ေနျခင္း ျဖစ္ပါသည္။ လာမည့္ႏွစ္တြင္လည္း နိုင္ငံေပါင္း ၁၆ နိုင္ငံက EPS လုပ္ သား ၁၆၅,၀၀၀ အထိ တိုးျမႇင့္ ေခၚယူသြားမည္ျဖစ္သည္ဟု ကိုရီးယားအလုပ္အကိုင္ႏွင့္ အလုပ္ သမားဝန္ႀကီးဌာနက ေၾက ညာထားပါသည္။

===================

ကိုရီးယားနိုင်ငံကို EPS လုပ်သား ၉,၀၀၀ ကျော်စေလွှတ်ခဲ့

ဒီဇင်ဘာ ၅

ကိုရီးယားသမ္မတနိုင်ငံကို EPS စနစ်နှင့် လုပ် သားများ စေလွှတ်ပေးနေရာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လုပ်သား ၉,၂၃၉ ယောက် စေ လွှတ်ခဲ့ပြီးဖြစ်သည်ဟု အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA မှ သိရပါသည်။

လုပ်သားများ စေလွှတ်ရာ၌ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် စေလွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်သား ၇,၀၀၀ ကျော်၊ ဆောက်လုပ်ရေးလုပ်သား ၂၀၀ ကျော်နှင့် စိုက်ပျိုးရေးလုပ် သား ၁,၀၀၀ ကျော် စေ လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

လက်ရှိတွင် ကိုရီးယားကို EPS စနစ်တစ်မျိုးတည်းနှင့် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီက စေလွှတ်နေခြင်း ဖြစ်ပါသည်။ လာမည့်နှစ်တွင်လည်း နိုင်ငံပေါင်း ၁၆ နိုင်ငံက EPS လုပ် သား ၁၆၅,၀၀၀ အထိ တိုးမြှင့် ခေါ်ယူသွားမည်ဖြစ်သည်ဟု ကိုရီးယားအလုပ်အကိုင်နှင့် အလုပ် သမားဝန်ကြီးဌာနက ကြေ ညာထားပါသည်။