မိတၳီလာခရိုင္/ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမတြင္ လူငယ္/အမ်ိဳးသမီးအင္အားတိုးပြားေရး လုပ္ငန္းစဥ္ ထပ္ဆင့္ရွင္းလင္းပြဲျပဳလုပ္

မိတၳိလာ ဒီဇင္ဘာ ၅

၅-၁၂-၂၀၂၃ ရက္ေန႔ ၀၉:၄၅မွ၁၁:၄၅ အခ်ိန္ထိ မိတၳီလာခရိုင္/ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမတြင္ အစိမ္းေရာင္စီမံခ်က္(Project Cycle Management)ပါ လုပ္ငန္းစဥ္ျဖစ္သည့္ လူငယ္/အမ်ိဳးသမီးအင္အားတိုးပြားေရး လုပ္ငန္းစဥ္ ထပ္ဆင့္ရွင္းလင္းပြဲ အခမ္းအနား က်င္းပျပဳလုပ္ခဲ့ပါသည္။

အခမ္းအနားသို ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီ ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ အမ်ိဳးသမီးေရးရာက႑တာဝန္ခံ ေဒၚသန္းသန္းေအး၊လူငယ္ေရးရာက႑တာဝန္ခံ ဦးေအာင္နိူင္ဦး၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ဦးေရႊနန္း၊ဦးေက်ာ္စန္း၊မိတၳီလာခရိုင္ပါတီဥကၠဌ ဦးထြန္းထြန္းဦး၊အတြင္းေရးမႈး ဦးရဲထြန္းနိူင္ႏွင့္ေကာ္မတီဝင္မ်ား၊မိတၳီလာခရိုင္အတြင္းရွိ မိတၳီလာ၊မလွိင္၊သာစည္၊ဝမ္းတြင္းၿမိဳနယ္တိုမွ ဥကၠဌ၊အတြင္းေရးမႈး၊ေကာ္မတီဝင္မ်ား၊လူငယ္ေရးရာအဖြဲဝင္မ်ား၊စုစုေပါင္းအင္အား ၈၀ဦး တက္ေရာက္ခဲ့ၾကပါသည္။

အခမ္းအနားတြင္ တက္ေရာက္လာသူမ်ားမွ နိူင္ငံေတာ္အလံ အေလးျပဳကာ နိူင္ငံေတာ္သီခ်င္း သီဆိုဖြင့္လွစ္ခဲ့ၾကပါသည္။ဆက္လက္၍ ပါတီဗဟို အလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက ပါတီဗဟိုဌာနခ်ဳပ္၏ လမ္းညႊန္မႈျဖင့္ အစိမ္းေရာင္စီမံခ်က္(PCM)ပါအတိုင္း လူငယ္/အမ်ိဳးသမီး အင္အားတိုးပြားေရး ေဆာင္ရြက္ခဲ့သည္မွာ ၃လ ရွိၿပီျဖစ္ေၾကာင္း၊ပထမ ၃လ စီမံခ်က္တြင္ အမ်ိဳးသမီးအင္အား တိုးပြားေရးအတြက္ ၃ၿမိဳနယ္ႏွင့္လူငယ္အင္အား တိုးပြားေရးအတြက္ ၃ၿမိဳနယ္တြင္ ေဆာင္ရြက္ခဲ့ၿပီး ျဖစ္ေၾကာင္း၊ပထမစီမံခ်က္ကာလ ၿပီးေျမာက္၍ ယခု တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳနယ္မ်ားအေနျဖင့္ လူငယ္/အမ်ိဳးသမီး အင္အားတိုးပြားေရးအတြက္ ပါတီဗဟိုဌာနခ်ဳပ္၏ လမ္းညႊန္ခ်က္အရ ဆက္လက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊လုပ္ငန္းစဥ္ ေအာင္ျမင္ ၿပီးေျမာက္ေရးအတြက္ ၿမိဳနယ္ေကာ္မတီဝင္အားလုံး တက္ညီလက္ညီ ပူးေပါင္းေဆာင္ရြက္ၾကရန္ လိုအပ္ေၾကာင္း၊ယခု စည္း႐ုံးရရွိသည့္ လူငယ္/အမ်ိဳးသမီး ပါတီဝင္အသစ္ထဲမွ အမာခံေကဒါမ်ား ေရြးခ်ယ္ေလ့က်င့္ေပးမည့္ အစီအစဥ္ရွိသျဖင့္ စတင္စည္း႐ုံးစဥ္ကတည္းက အရည္အခ်င္းရွိသူမ်ားကို စည္း႐ုံးေပးရန္ လိုအပ္ေၾကာင္း၊ျပည္ခိုင္ၿဖိဳးပါတီ၏ ေရရွည္ ရည္မွန္းခ်က္(၃)ရပ္ ေအာင္ျမင္ေရးအတြက္ အားလုံး ႀကိဳးစား ေဆာင္ရြက္ေပးၾကပါရန္ ေဆြးေႏြး ေျပာၾကားခဲ့ပါသည္။ဆက္လက္၍ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္၊အမ်ိဳးသမီးေရးရာက႑တာဝန္ခံ ေဒၚသန္းသန္းေအးႏွင့္လူငယ္ေရးရာက႑တာဝန္ခံ ဦးေအာင္နိူင္ဦးတိုက အစိမ္းေရာင္စီမံခ်က္(PCM)ပါ လုပ္ငန္းစဥ္မ်ားအား Power Point ျဖင့္ ရွင္းလင္းေျပာၾကားခဲ့ၿပီး ေဆာင္ရြက္ရမည့္ စည္း႐ုံးေရးနယ္ေၿမ ေရြးခ်ယ္ျခင္း၊အစုအဖြဲ သတ္မွတ္ျခင္း၊အလႊာေရြးခ်ယ္ျခင္းႏွင့္စီမံခ်က္ကာလအတြင္း လအလိုက္ေဆာင္ရြက္သြားရမည့္ လုပ္ငန္းစဥ္မ်ားအား အေသးစိတ္ ရွင္းလင္းေျပာၾကားခဲ့ပါသည္။၎ေနာက္ တက္ေရာက္လာသူမ်ားမွ သိရွိလိုသည္မ်ား ေမးျမန္းခဲ့ရာ ပါတီဗဟို အလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက ျပန္လည္ရွင္းလင္း ေျပာၾကားခဲ့ၿပီး နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားကာ အခမ္းအနားအား ႐ုပ္သိမ္းခဲ့ပါသည္။

==================

မိတ္ထီလာခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် လူငယ်/အမျိုးသမီးအင်အားတိုးပွားရေး လုပ်ငန်းစဥ် ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

မိတ္ထိလာ ဒီဇင်ဘာ ၅

၅-၁၂-၂၀၂၃ ရက်နေ့ ၀၉:၄၅မှ၁၁:၄၅ အချိန်ထိ မိတ္ထီလာခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အစိမ်းရောင်စီမံချက်(Project Cycle Management)ပါ လုပ်ငန်းစဥ်ဖြစ်သည့် လူငယ်/အမျိုးသမီးအင်အားတိုးပွားရေး လုပ်ငန်းစဥ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဦးအောင်နိူင်ဦး၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးရွှေနန်း၊ဦးကျော်စန်း၊မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊အတွင်းရေးမှုး ဦးရဲထွန်းနိူင်နှင့်ကော်မတီဝင်များ၊မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊မလှိင်၊သာစည်၊ဝမ်းတွင်းမြိုနယ်တိုမှ ဥက္ကဌ၊အတွင်းရေးမှုး၊ကော်မတီဝင်များ၊လူငယ်ရေးရာအဖွဲဝင်များ၊စုစုပေါင်းအင်အား ၈၀ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တက်ရောက်လာသူများမှ နိူင်ငံတော်အလံ အလေးပြုကာ နိူင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ကြပါသည်။ဆက်လက်၍ ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်မှုဖြင့် အစိမ်းရောင်စီမံချက်(PCM)ပါအတိုင်း လူငယ်/အမျိုးသမီး အင်အားတိုးပွားရေး ဆောင်ရွက်ခဲ့သည်မှာ ၃လ ရှိပြီဖြစ်ကြောင်း၊ပထမ ၃လ စီမံချက်တွင် အမျိုးသမီးအင်အား တိုးပွားရေးအတွက် ၃မြိုနယ်နှင့်လူငယ်အင်အား တိုးပွားရေးအတွက် ၃မြိုနယ်တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ပထမစီမံချက်ကာလ ပြီးမြောက်၍ ယခု တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်များအနေဖြင့် လူငယ်/အမျိုးသမီး အင်အားတိုးပွားရေးအတွက် ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်အရ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊လုပ်ငန်းစဥ် အောင်မြင် ပြီးမြောက်ရေးအတွက် မြိုနယ်ကော်မတီဝင်အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ယခု စည်းရုံးရရှိသည့် လူငယ်/အမျိုးသမီး ပါတီဝင်အသစ်ထဲမှ အမာခံကေဒါများ ရွေးချယ်လေ့ကျင့်ပေးမည့် အစီအစဥ်ရှိသဖြင့် စတင်စည်းရုံးစဥ်ကတည်းက အရည်အချင်းရှိသူများကို စည်းရုံးပေးရန် လိုအပ်ကြောင်း၊ပြည်ခိုင်ဖြိုးပါတီ၏ ရေရှည် ရည်မှန်းချက်(၃)ရပ် အောင်မြင်ရေးအတွက် အားလုံး ကြိုးစား ဆောင်ရွက်ပေးကြပါရန် ဆွေးနွေး ပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေးနှင့်လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဦးအောင်နိူင်ဦးတိုက အစိမ်းရောင်စီမံချက်(PCM)ပါ လုပ်ငန်းစဥ်များအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး ဆောင်ရွက်ရမည့် စည်းရုံးရေးနယ်မြေ ရွေးချယ်ခြင်း၊အစုအဖွဲ သတ်မှတ်ခြင်း၊အလွှာရွေးချယ်ခြင်းနှင့်စီမံချက်ကာလအတွင်း လအလိုက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။၎င်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။