ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦးသည် အောက်တိုဘာ (၂၀) ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ အဆိုပါ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

14572246_1589975071308900_9034153759176801117_n14721533_1589975001308907_6397625043180492635_n

တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး အလုပ် အမှုဆောင်များ၊ အရှေ့ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အရှေ့ပိုင်းခရိုင် အလုပ်အမှု ဆောင်များ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပါတီကော်မတီဝင်များ၊ အမာခံပါတီဝင်များ၊ ရပ်ကွက် ၂၉ ခုနှင့် ကျေးရွာ ၃၃ ရွာတို့မှ ရပ်/ကျေး အဖွဲ့ ခေါင်းဆောင်များနှင့် ရပ်/ကျေးကော်မတီဝင်များ စုစုပေါင်း အင်အား ၁၇ဝ ကျော်တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက ”နေရာတိုင်း၌ မိမိတို့ပါတီဝင်များ အများအပြား ရှိကြောင်း၊ ပါတီဝင်အားလုံးသည် တစ်စိတ်တစ်ဝမ်းတည်းပင်ဖြစ် ကြောင်း၊ မိမိတို့ပါတီသည် အသင်းဘဝကပင် နိုင်ငံ၏အရေးအရာကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန် အတွက် ပြည်သူများနှင့်လက်တွဲပြီး ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေး အတွက်လည်း ပါဝင်ဆောင်ရွက်ခဲ့ ကြသူများဖြစ်ကြောင်း ”ပြောကြားခဲ့သည်။

ထို့နောက် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က မြို့နယ်ပါတီ၏ လူမှုရေးလုပ်ဆောင်ချက်များနှင့် မြို့နယ်ပါတီ၏ အခြေအနေများကိုဆွေးနွေးခဲ့ပြီး ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦးက ”မိမိတို့ပါတီ သည် တာဝန်ပေးအပ်မှုအပေါ် အခြေမခံဘဲ ယုံကြည်မှုအပေါ် အခြေခံကာဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယုံကြည်မှုကိုအခြေခံပြီး ပါတီဝင်များက စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ပြည်သူ့လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန်လိုအပ်ကြောင်း ညှိနှိုင်းဆွေးနွေးပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။


Leave a Reply