မိုးကုတ်မီးဘေးသင့်အိမ်ထောင်စုများသို့ ပြည်ခိုင်ဖြိုးပါတီဝင်များမှ ထောက်ပံ့လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးတင့်လွင်ဦး၊ ဦးစိုင်းအောင် ကြည်နှင့် ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဋ္ဌ၊ မိုးကုတ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဘဌေးနှင့် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များနှင့်ပါတီဝင် စုစုပေါင်း အင်အား ၁ဝ ဦးခန့် သည် ယခုလ ၂ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် အတွင်းရှိ လယ်ဦးအုပ်စု ရွံ့ပန်းရပ်ကွက်တွင် ၂၇-၂-၁၂ဝ၁၇ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သော ဆုံးရှုံးမှုတို့ ခံစားခဲ့ကြရသော အိမ်ထောင်စု ၁၆ စုတို့အား ရွံ့ပန်းရပ်ကွက် ယာယီဖွင့်လှစ်ထားသော မီးဘေးကယ်ဆယ်ရေးစခန်း သို့ သွားရောက်၍ ပထမအကြိမ် မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတိမှ အလှူငွေကျပ် ၃၆ဝဝဝဝ၊ မိုးကုတ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဘဌေး+ဒေါ်ခင်လှကြည်မိသားစု တို့မှ ငွေကျပ် ၁၈ဝဝဝဝကျပ် ပေး အပ်ခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ် ၄၈ဝဝဝဝ၊ ပြင်ဦးလွင် ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ် ၁၆ဝဝဝဝ၊ ညောင်ဦးခရိုင် တာဝန်ခံ တိုင်းကော်မတီ ဦးသန်းဌေး-ဒေါ်မင်းမင်းလွင် တို့ မှ ငွေကျပ်၁၆ဝဝဝဝ စုစုပေါင်း ကူညီထောက်ပံ့ ငွေကျပ် ၁၃၄ဝဝဝဝ အား ထောက်ပံ့လှူဒါန်း ခဲ့ကြသည်။ဆက်လက်ပြီး မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

လေးကိုကိုကျော်