သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောင်းသန့်ရှင်းရေးပြုလုပ်

ဩဂုတ် ၁၂၊ သံတွဲ

သံတွဲခရိုင်နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး သံတွဲမြို့နယ်၊ နန်းချောင်း ကျေးရွာအုပ်စု၊ အ.မ.က နန်းချောင်း(အောက်) ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ပါသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ သံတွဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်(အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်ခင်မူ၊ မြို့နယ် ဥက္ကဌ ဦးစန်းနိုင်၊ နန်းချောင်းကျေးရပ်/ကျေး ဥက္ကဌ ဦးမင်းမင်းဦးနှင့် လူငယ်ပါတီဝင်များ၊ အမျိုးသမီးရေးရာပါတီဝင်များသည်အ.မ.က နန်းချောင်း(အောက်)ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။