ဒဏ်ရာဖြင့် အနားယူခဲ့ရသော ရာဖေးလ်နာဒယ် သီတင်းသုံးပတ်ကြာ နားရမည်

ကမ္ဘာ့နံပါတ် (၁) ရာဖေးလ်နာဒယ်သည် အင်္ဂါနေ့ကသြစတြေးလျ ကွာတားဖိုင်နယ်ပွဲ၌ မာရင်းစီလစ်နှင့် ရင်ဆိုင်တွေ့စဉ်

ပေါင်ရင်းဒဏ်ရာရရှိခဲ့ပြီး ဆေးစစ်ဆေးမှု ခံယူရာ သီတင်းသုံးပတ် အထိ အနားယူရမည်ဖြစ်သည်။

စီလစ်နှင့် ၃-၆၊ ၆-၃၊ ၆-၇ (၅)၊ ၆-၂၊ ၂-၀ ရလဒ်ထွက်ပေါ် နေစဉ် ညာဘက်ခြေထောက်နာ ကျင်ခြင်းကြောင့် ပွဲမှ အနားယူခဲ့ရသည့် နာဒယ်သည် ဆေးစစ်ဆေးမှုအရ တင်ပါးအတွင်းပိုင်း ကြွက်သားဒဏ်ရာ ရရှိနေကြောင်း တွေ့ရှိခဲ့သည်။

လက်ရှိတွင်၎င်းသည် စပိန်နိုင်ငံ၌ အနားယူနေပြီး လာမည့် ပြိုင်ပွဲများကို နဂိုအစီအစဉ်အတိုင်း ယှဉ်ပြိုင်မည်ဟု မျှော်လင့်နေသည်။

ဇန်နဝါရီ ၂၄ ရက်က မဲလ်ဘုန်းမြို့ရှိ ဆေးရုံတစ်ရုံတွင် စစ်ဆေးပြီး လာမည့်ရက်ပိုင်းအတွင်း ရောင်ရမ်းမှုကုထုံးဖြင့် စတင် ကုသမည်ဖြစ်သည်။

၎င်း၏ ဒဏ်ရာမျိုးသည် အပြည့်အဝ ပြန်လည်ကောင်းရန် သာမန်အားဖြင့် သီတင်းသုံးပတ် ကြာမြင့်တတ်ကြောင်း နာဒယ်၏ မီဒီယာမန်နေဂျာဘီနီကို ပီးရက်ဇ် ဘာဘာဒီလိုကပြောသည်။

နာဒယ်သည် ATP တင်းနစ် ပြိုင်ပွဲ၊ Andiam Wells ပြိုင်ပွဲနှင့် မီယာမီအိုးပင်းပြိုင်ပွဲတို့တွင် နဂို အစီအစဉ်အတိုင်း ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဘာဘာဒီလိုက ပြောသည်။

—Ref:USA Today