နည်းပြဖြစ်သူ နှလုံးဖောက်လာသဖြင့် ဘောလုံးပွဲရပ်နားခဲ့ရ

ဂျာမနီပြည်တွင်းလိဂ် ပွဲစဉ်တစ်ပွဲမှာ နည်းပြဖြစ်သူ ရုတ်တရက် နှလုံးဖောက်လာတာကြောင့် ဘောလုံးပွဲ ရပ်နားလိုက်ရတယ် လို့ ဒေးလီးမယ်ရာသတင်းမှာ   ဖော်ပြထားပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကိုင်ဇာစလော့တန်နဲ့ ဒမ်စတက်အသင်းတို့ပွဲစဉ်မှာ ကိုင်ဇာစလော့တန် နည်းပြ ဂျက်ဖ် စထရက်ဆာဟာ ပွဲချိန်ပထမပိုင်းအပြီး ရုတ်တရက် နှလုံးဖောက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ စထရက်ဆာကို ဆေးရုံချက်ချင်းပို့ဆောင်ခဲ့ရပြီး ဒမ်စတက်ကွင်းမှာကစားတဲ့ အဲဒီပွဲကိုလည်း ရွှေ့ဆိုင်း လိုက်ရပါတယ်။

ကိုင်ဆာစလော့တန်အသင်းရဲ့ တွစ်တာအကောင့်မှာတော့ “ကိုင်ဆာစလော့တန် ပရိသတ်များခင်ဗျာ၊ ခင်ဗျားတို့ သိကြတဲ့အတိုင်းပါပဲ၊ ဒမ်စတက်နဲ့အဝေးကွင်းပွဲကို ရွှေ့လိုက်ရပါတယ်။   ဆေးကုရတဲ့ အဖြစ်အပျက်ကြောင့်ပါ။ ကျွန်တော်တို့ရဲ့နည်းပြချုပ် ဂျက်ဖ် စထရက်ဆာ ဆေးရုံရောက်နေပါတယ်။

နားလည်ပေးကြတဲ့ ပရိသတ်တွေ၊ ကွင်းထဲလာကြည့်ခဲ့ပြီး ကောင်းကောင်းမွန်မွန်တုန့်ပြန်ပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးကြတဲ့အတွက်လည်း   ကျေးဇူးပါ”လို့ ရေးသားထားပါတယ်။

စထရက်ဆာဟာ စက်တင်ဘာမှာ နော်ဘတ် မီယာထုတ်ပယ်ခံရပြီးနောက် ကိုင်ဆာစလော့တန်အသင်းရဲ့ နည်းပြဖြစ်လာခဲ့သူပါ။ ကစားသမားဘဝတုန်းကတော့ မက်ဇ်၊ ကိုင်ဆာစလော့တန်နဲ့ မိုချင်ဂလက်ဘတ် အသင်းတွေမှာ ကစားခဲ့ပါတယ်။

ဂိုးမရှိသရေနဲ့ ရွှေ့ဆိုင်းလိုက်ရတဲ့ ပွဲနဲ့ပတ်သက်ပြီးတော့လည်း ဒမ်စတက်အသင်းက “ဘောလုံးကို ကျွန်တော်တို့ သိပ်ချစ်ကြပေမဲ့ ဘဝမှာ သိပ်အရေးကြီးတဲ့အရာတွေလည်း ရှိနေပါသေးတယ်”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Ref; Mirror