ကွင်းလယ်လူဒယ်လီအလီကို များပြားတဲ့လစာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စပါးစီစဉ်နေ

စပါးအသင်းဟာ ကွင်းလယ်လူဒယ်လီအလီကို များပြားတဲ့ လုပ်ခလစာနဲ့ စာချုပ်သက်တမ်း တိုးနိုင်ဖို့ စတင်ကြိုးပမ်း နေပါပြီ။ လက်ရှိမှာ အလီဟာ တစ်ပတ်လုပ်ခလစာ ပေါင်(၅၀၀၀၀)၀န်းကျင် ရရှိနေပြီး အဲဒီလုပ်ခ လစာရဲ့(၂)ဆ ပေါင်(၁၀၀၀၀၀)နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စပါးအသင်း စီစဉ်နေတယ်လို့သိရပါတယ်။

အသက်(၂၁)နှစ်အရွယ် ကစားသမားကို ရီးရဲလ်နဲ့ ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဒီလိုအလီနဲ့ပတ်သက်ပြီး ကောလာဟလသတင်းတွေ ထွက်ပေါ်နေတာကို ရပ်တန့်နိုင်ဖို့အတွက် စပါးဟာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးမှုတွေ စတင်နေတာပဲဖြစ်ပါတယ်။

အလီရဲ့စပါးအသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ခုနှစ်အထိ ကျန်ရှိနေသေးပေမယ့် အသင်းမှာ ဆက်ထိန်းနိုင်ဖို့ အတွက် အခုလိုစီစဉ်နေတာပဲဖြစ်ပါတယ်။ အလီဟာ ဥရောပလူငယ်ကစားသမားတွေထဲမှာ အလားအလာရှိတဲ့ ကစားသမား တစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့သူပါ။

 

-Ref; Sky sports