၂၀၁၈ မာစတာ စနူကာပြိုင်ပွဲ ချန်ပီယံဆု မာ့ခ်အဲလန် ဆွတ်ခူး

လန်ဒန်မြို့မှာ ကျင်းပတဲ့ ၂၀၁၈ မာစတာစနူကာပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ နာမည်ကြီး အိုစူလီဗန်ကို အနိုင်ရရှိခဲ့တဲ့ မာ့ခ်အဲလန်ဟာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၈ မာ့ခ်အဲလန်ဟာ ဖိုင်နယ်ပွဲစဉ်မှာ ကိုင်ရန်ဝီလ်ဆင်ကို ၁၀-၇ နဲ့ အနိုင်ရရှိခဲ့တာပါ။

မာ့ခ်အဲလန်ဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း မြောက်အိုင်ယာလန်နိုင်ငံသားအဖြစ် ပထမဆုံးအကြိမ် မာစတာ ဆုဖလား ကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာပါ။

မာ့ခ်အဲလန်က သူ့အနေနဲ့ နှစ် ၄၀ ကြာမြင့်တဲ့အချိန်မှ မြောက်အိုင်ယာလန်နိုင်ငံသား တဦးအဖြစ် ဆုဖလား ရရှိခဲ့တာကြောင့် ပျော်ရွှင်မိကြောင်း၊ နောက်ထပ် ဆုဖလားတွေ ဆွတ်ခူးဖို့ ဒါဟာ အစဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ ပြိုင်ဘက် ကိုင်ရန်ဝီလ်ဆင်လည်း ပွဲအပြီးမှာ ငိုကြွေးခဲ့ပါတယ်။

(DVB)