ပေါ်တိုနည်းပြဟောင်း လိုပီတီဂူအီအား စပိန်နည်းပြသစ်ခန့်အပ်
ပေါ်တိုအသင်း၏ နည်းပြဟောင်း လိုပီတီဂူအီအား စပိန်နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။ ယူရို ၂၀၁၆ ပြိုင်ပွဲတွင် စပိန်အသင်း မျှော်မှန်းသလောက် အောင်မြင်မှု မရဖြစ်ခဲ့ပြီးနောက် နည်းပြ ဒဲလ်ဘော့စကေး နုတ်ထွက်သွား၍ လိုပီတီဂူအီကို အစားထိုးခြင်းဖြစ်သည်။
ယခုအခါပေါ်တိုနည်းပြ ဟောင်းနှင့် စပိန်၏ ယူ-၁၉၊ ယူ -၂၀ နှင့် ယူ-၂၁ အသင်းများကို ကိုင်တွယ်ခဲ့သော လိုပီတီဂူအီက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် စပိန်အသင်းကို ဦးဆောင်မည်ဖြစ်သည်။
စပိန်ယူ-၁၉နှင့် ယူ-၂၀ အသင်းများသည် လိုပီတီဂူအီ၏ လက်အောက်တွင် ဥရောပချန်ပီယံဆုများရရှိခဲ့သည်။
၂၀၁၄-၂၀၁၅ ရာသီက ပေါ်တိုအသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ယမန် နှစ်က ရလဒ် ဆိုးရွားခဲ့ပြီးနောက် ပေါ်တိုက လိုပီတီဂူအီကို ၂၀၁၆ ဇန်န၀ါ ရီတွင် ထုတ်ပယ်ခဲ့သည်။
ကစားသမားဘ၀က ရီးရဲလ် နှင့် ဘာစီလိုနာအသင်းတို့၏ ဂိုးသမား လိုပီဂူအီ (၄၉)နှစ်သည် လာမည့် စက်တင်ဘာ၌ စပိန်နှင့် ဘယ်လ်ဂျီယံတို့၏ ခြေစမ်းပွဲကို ပထမဆုံး တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။
Ref:Goal