လက်ရွေးစင်ဘ၀မှ အနားယူတော့မယ့် ဆီးဂိမ်းနှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆုရှင်

olympic-judo-myanmar-vs-trinidad-and-tobago-reuters-1

ဆီးဂိမ်းနှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆုရှင် မြန်မာ့ဂျူဒိုကစားသမား ရန်နိုင်စိုးဟာ လက်ရွေးစင်ဘဝက အနားယူတော့မယ် လို့ ပြောကြားလိုက်ပါတယ်။

အသက်အရွယ်ကြောင့်နဲ့ မလေးရှားဆီးဂိမ်းမှာ သူယှဉ်ပြိုင်တဲ့ ၀ိတ်တန်းမပါလာတာတွေကြောင့် အခုလို ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ အသက် (၃၈)နှစ်အရွယ် ရန်နိုင်စိုးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရန်နိုင်စိုးဟာ၂၀၁၃ မြန်မာဆီးဂိမ်းနဲ့ ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွေမှာ ကီလို ၁၀၀ တန်းမှ ရွှေတံဆိပ် ရယူနိုင်ခဲ့သူ ဖြစ်ပြီး ကစားသမားဘ၀တစ်လျှောက်  ရွှေ နှစ်ခု၊ ငွေသုံးခုနဲ့ ကြေးတစ်ခု ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘရာဇီး အိုလံပစ်ပြိုင်ပွဲမှာ  ရန်နိုင်စိုးဟာ ၁၆ ဦး ရှုံးထွက်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ရန်နိုင်စိုးဟာ ၁၉၉၉ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲမှာ ကရင်ပြည်နယ် ကိုယ်စားပြုယှဉ်ပြိုင်ကာ ရွှေတံဆိပ် ရရှိပြီးနောက် လက်ရွေးစင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, ရိုက်တာ


Leave a Reply