ဘောလုံးလောကရဲ့ အသန့်ရှင်းဆုံး ကစားသမား ကန်တီ

ဘောလုံးလောကမှာ အသန့်ရှင်းဆုံး၊ အရိုးသားဆုံး ကစားသမားတစ်ယောက်ရွေးပါ ဆိုရင်တော့ ချဲလ်ဆီး ကွင်းလယ်လူ ကန်တီကို ရွေးချယ်ရမှာပါ။ ရှက်တတ်သူ၊ ရိုးရှင်းသူ၊ ပွဲလမ်းတွေနဲ့ ခပ်ဝေးဝေးနေသူဖြစ်တဲ့ ကန်တီရဲ့ ရိုးသားမှုဂုဏ်သတ္တိက Football Leaks အရှုပ်တော်ပုံ ပေါ်ပေါက်လာချိန်မှာ ပိုထင်ရှားလာခဲ့ပါတယ်။

ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမား တော်တော်များများ အခွန်ရှောင်တိမ်းမှု ပြဿနာကြုံနေရချိန်မှာ ကန်တီရဲ့ လုပ်ရပ်က ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက တောင်းဆိုတဲ့အတွက် အစောပိုင်းမှာ ကန်တီက ကမ်းလွန်ကုမ္ပဏီ(အခွန်ရှောင်တိမ်းရာမှာ အသုံးပြုတဲ့ ကြားခံကုမ္ပဏီ)တစ်ခု တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကန်တီက ကမ်းလွန် ကုမ္ပဏီကနေတစ်ဆင့် လစာရယူဖို့ ငြင်းဆန်ခဲ့ပြီး နည်းမှန်လမ်းမှန်အတိုင်းပဲ လစာလိုချင်တယ်လို့ ပြောခဲ့ပါတယ်။ ကွင်းထဲမှာ ကျားကုတ်ကျားခဲ ကစားသလောက် ကွင်းပြင်ပမှာ ရိုးရိုးကုပ်ကုပ်နေတဲ့ ကန်တီဟာ လေ့ကျင့်ရေး ကွင်းကို လာတဲ့အခါ မီနီကူးပါးကားပဲ စီးသူပါ။ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးပြီးချိန်မှာ ကန်တီက ဆုဖလားနဲ့ ဓာတ်ပုံရိုက်ဖို့ ရှက်နေခဲ့ဖူးပါတယ်။

-Ref: Skysports