ဘီနင်းနိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် ချန်ပီယံဆုသိမ်းပိုက်နိုင်ခဲ့တဲ့ သက်ထားသူဇာ

BENIN INTERNATIONAL SERIES 2019 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ သက်ထားသူဇာဟာ ဒီကနေ့ ဆက်လက် ကစားတဲ့ ဖိုင်နယ်ပွဲစဉ် မှာ ပီရူး ကစားသမားအား (၁၇-၂၁/၂၁-၁၈/၂၁-၁၄) ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင် အနိုင်ရရှိ ပြီး ချန်ပီယံဆုကြီးအား ထိုက်ထိုက်တန်တန် ရရှိသွား ပါတယ်။

သက်ထားသူဇာ ဟာ အိုင်ဗရီကို့စ် မှာ ဂျူလိုင်လ( ၄ ) ရက်နေ့မှ ( ၇ ) ရက်နေ့အထိကျင်းပမယ့် Cote d’ivoire International 2019 ကို ဆက်လက် သွားရောက် ယှဉ်ပြိုင် ဦးမှာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ သက်ထားသူဇာဟာ Seeded ရရှိထားခြင်းမရှိပဲ ပထမ အဆင့်မှာပင် Seeded 2 ရရှိထားသူ မောရစ်ရှပ် ကစားသမား Kate Foo Kune နှင့် စတင်ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

sports reader