အောင်သူကို ပွဲချိန်ပြည့်မသုံးသေးဟု နည်းပြချုပ်ဆို

 မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူကို ပွဲစဉ် အားလုံးတွင် ပွဲချိန်ပြည့်ထည့် သွင်းကစားမည်မဟုတ်ကြောင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။

‘‘တိုက်စစ်မှာ ကစားဖို့အ သင့်ဖြစ်နေတဲ့ ကစားသမားတွေ ရှိပါတယ်။ အောင်သူက အရေးပါ တဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့သူ့ကိုပွဲစဉ်တိုင်းမှာ မိနစ် ၉၀ အပြည့်သုံးဖို့ အစီအစဉ်မရှိပါ ဘူး’’ ဟု နည်းပြချုပ်က ကမ္ဘော ဒီးယားကို အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ပြောသည်။

အောင်သူသည် ဒဏ်ရာရရှိနေ၍ အသင်းနှင့်လေ့ကျင့်ချိန် နည်းပါးသော်လည်း ကမ္ဘောဒီးယားအသင်းနှင့်ပွဲစဉ်တွင် အကာင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ကြာင်း နည်းပြချုပ်က ဆက်လက် ပြောကြားသည်။

ထိုင်းပရီးမီးယားလိဂ် PoliceTero အသင်းတွင် ကစားနေသည့် တိုက်စစ်မှူးအောင်သူသည် လိဂ်ရာသီ ပြီးဆုံးခါနီးတွင် လက်ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။

အာဆီယံ ဆူဇူကီးဖလား ပထမပွဲစဉ်အဖြစ် ကစားသည့် မြန်မာအသင်းနှင့် ကမ္ဘောဒီးယား အသင်းပွဲစဉ်တွင် တိုက်စစ်မှူး အောင်သူသည် ဒုတိယပိုင်းစတင် ချိန်မှသာ လူစားဝင်ကစားခဲ့ရ သည်။

မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းကို ပထမပိုင်းတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သော်လည်း ဒုတိယပိုင်း သွင်းဂိုးများဖြင့် ဂိုး ပြတ်အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် တိုက်စစ်မှူးအောင်သူ ပင်နယ်တီကန်သွင်းခွင့်ရကာ လွဲချော်ခဲ့သော်လည်း ၎င်း ၀င်ရောက်လာချိန် မြန်မာ တိုက်စစ်အသက်ဝင်ခဲ့သည်။

‘‘အောင်သူက ထွက်ပြေးတတ်တဲ့ ကစားသမား မဟုတ်ပါဘူး။ သူ့မှာနိုင်ငံအတွက် တာဝန်ယူမှုအပြည့်ရှိပါတယ်။ ဒီတစ်ခါ မ၀င်ရင် နောက်တစ်ကြိမ်ဝင်ပါလိမ့်မယ်’’ ဟု ပင်နယ်တီ မ၀င်ခြင်း အပေါ် နည်းပြချုပ်က ပြောကြားသည်။

7Days