အထက ကာမိုင်းသို့ ဘင်ခရာပစ္စည်းများ လှူဒါန်း

13412999_255357541506642_2809791640539710874_n

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီမှ တန်ဘိုးအားဖြင့် ကျပ်(၈)သိန်းရှိ ဘင်ခရာ ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ (ဇွန်လ ၁၃) ရက် နံနက် (၁၀း၃၀) နာရီတွင် အဆိုပါကျောင်းရှိ မြစိမ်းရောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေးအပ်လှူဒါန်းပွဲတွင် ကျောင်းအကျိုးတော်ဆောင် ဦးကံဆယ်မှ ကျေးဇူးတင် စကားပြောကြားပြီး ပြည်နယ်ပါတီကော်မတီဝင် ဦးညွန့်ဝင်းက ကျိုင်းတံအား လည်းကောင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအင်ဖရောင်းဂမ် က ဘေ့စ်ဒရမ် အား လည်းကောင်း၊ ကားမိုင်းမြို့နယ် တာဝန်ခံ ဦးကျော်မျိုးဦးက ဆိုဒ်ဒရမ် များအားလည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါပေးအပ်လှူဒါန်းပွဲသို့ ကားမိုင်းမြို့မအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုး တော်ဆောင်များ၊ မိဘဆရာ အသင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်နှင့် ဆရာ/ ဆရာမများ၊ ပါတီကော်မတီဝင်များ၊ ပါတီဝင် သင်တန်းသား/သူများ တက်ရောက်ကြပြီး ကျောင်းအတွက်လိုအပ်သော ဘိလပ်မြေအိပ် (၄၀) အား မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအင်ဖရောင်းဂမ် က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Credit – Nyunt Win


Leave a Reply