စိုးလင်းဦးနှင့် ထိုင်းလက်ဝှေ့သမားဝီဂျစ်ပွဲတွင် အနိုင်၊ အရှုံး မပေါ်

စိုးလင်းဦးနှင့် ထိုင်းလက်ဝှေ့သမားဝီဂျစ် ယှဉ်ပြိုင်ထိုးသတ်နေစဉ်

 

ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအထူးပွဲတွင် စိုးလင်းဦး နှင့်ထိုင်းလက်ဝှေ့ကျော် ၀ီဂျစ်တို့ အကြိတ်အနယ်ထိုးသတ်ပြီး ပူးတွဲ သရေကျခဲ့သည်။

အဆိုပါရိုးရာလက်ဝှေ့စိန် ခေါ်ပွဲကို ဧပြီ ၈ ရက်ကရန်ကုန် မြို့ သိမ်ဖြူအားကစားရုံတွင် ကျင်းပပြီး တွဲဆိုင်းရှစ်ဆိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် သ ရေပွဲခြောက်ပွဲအထိ ထွက်ပေါ်ခဲ့ပြီး နှစ်ပွဲသာ အနိုင်၊ အရှုံးအဖြေ ပေါ်ခဲ့သည်။ အဓိကတွဲဆိုင်းဖြစ်သည့် စိုးလင်းဦးနှင့် ၀ီဂျစ်တို့ပွဲသည် အကြိတ်အနယ်ရှိခဲ့ပြီး ပထမနှင့် ဒုတိယအချီတွင် ၀ီဂျစ်က အသာရပြီး စိုးလင်းဦးကတန်ပြန် တိုက်စစ်ဖြင့်သာ ထိုးသတ်နိုင်ခဲ့သည်။

သို့သော် နောက်ပိုင်းအချီ များတွင် စိုးလင်းဦးက ထောက် လက်သီးများဖြင့် ၀ီဂျစ်ကိုပြန် လည်အသာရခဲ့သည်။ သို့သော် ငါးချီအထိ အကြိတ်အနယ်ယှဉ် ပြိုင်ထိုးသတ်သော်လည်း နှစ်ဦးစလုံး အလဲထိုးသတ်နိုင်ခြင်းမရှိဘဲ ပူးတွဲသရေဖြင့်သာ ပြီးဆုံးခဲ့သည်။ စိုးလင်းဦးနှင့် ၀ီဂျစ်သည် ၂၀၁၅ ဒီဇင်ဘာနှင့် ယခုနှစ် ဇန်န၀ါရီကတွေ့ဆုံမှုတွင် သရေကျထားပြီး သုံးကြိမ်မြောက်ပူးတွဲ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

အခြားတွဲဆိုင်းတွင် မြန်မာလက်ဝှေ့ကျော် ကရင်လေးက ထိုင်းလက်ဝှေ့ကျော်ဘန်ဒါဆတ်ကို လေးချီတွင် အလဲထိုး အနိုင်ရခဲ့သည်။ ရဲသွေးနီနှင့် ထိုင်းလက်ဝှေ့ကျော်ခွမ်ဖစ်တို့ပွဲတွင် ငါးချီအထိ အကြိတ်အနယ်ထိုးသတ်ခဲ့ သော်လည်း အနိုင်၊ အရှုံးမပေါ်ဘဲ ပူးတွဲသရေကျခဲ့သည်။

ကျန်ပွဲများဖြစ်သည့် ဆွေထွန်းအောင်နှင့် စောထူးအောင်၊ သိန်းစိုးနှင့် အောင်နေထူး၊ သွေးသစ်မောင်နှင့် ကျော်ဇင်လတ်၊ ဒေါင်းဖြူလေးနှင့် ကျော်နိုင်တို့ ပွဲများလည်း ပူးတွဲသရေကျခဲ့သည်။ ကျော်လင်းထူးနှင့် ထွန်းတောက် ကြယ်တို့ပွဲတွင်မူ ကျော်လင်းထူး က တတိယအချီ၌ အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး MMTS နှင့် H&S Group တို့ပူးပေါင်းစီစဉ်သည့် မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့ပွဲသို့ ပရိသတ်အများအပြား လာရောက်အားပေးခဲ့သည်။

7Days