အာဏာသိမ်းမှုဖြစ်စဉ်၌ သူရဲကောင်းဖြစ်ခဲ့သော တူရကီစစ်သား အသတ်ခံရမှုအား အမှုစတင်စစ်ဆေး

လွန်ခဲ့သော ဇူလိုင်လက မအောင်မြင်ခဲ့သော စစ်အာဏာသိမ်းမှုတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သူဟု သံသယရှိ သောအရာရှိတစ်ဦးကို အသေပစ်သတ်ခဲ့ပြီးနောက် နိုင်ငံတော်သူရဲကောင်း  ဖြစ်လာခဲ့သည့် တူရကီ စစ်သားသေ ဆုံးခဲ့မှုအတွက် အင်္ဂါနေ့တွင် အမှုစတင်စစ်ဆေးခဲ့သည်။

 

တပ်ကြပ်ကြီး အိုမာဟာလစ်ဒီမာ အား ရည်ရွယ်ချက်ရှိရှိဖြင့်သတ်ဖြတ်ခဲ့မှုနှင့် အစိုးရအားဖြုတ်ချရန် ကြိုးပမ်းမှုတို့ ဖြင့်သံသယရှိရသူ ၁၈ ဦးအား ရုံးတင်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဇူလိုင်လ ညသန်းခေါင်ယံတွင် ပြုလုပ်ခဲ့သော စစ်အာဏာသိမ်းမှုတွင် အဓိကဦးဆောင်ခဲ့သူတစ်ဦးဟု စွပ်စွဲ ခံထားရသော ဗိုလ်မှူးချုပ်ဆီမိုင်းတာဇီအား တပ်ကြပ်ကြီးဖြစ်သူ ဟာလစ်ဒီမာက အန်ကာရာမြို့တော်ရှိ အထူး တပ်ဖွဲ့ ဌာနချုပ်အပြင်ဘက်တွင် အသေပစ်သတ်ခဲ့သည်။ ထို့နောက်တွင် သူသည်လည်း အာဏာသိမ်းရန် ကြံစည်သူ များ၏လက်ချက်ဖြင့်အသတ်ခံခဲ့ရသည်။

သူသေဆုံးခဲ့ပြီးနောက်တွင် ပန်းခြံများ၊ကျောင်းများနှင့် အများပြည်သူနှင့် သက်ဆိုင်ရာနေရာများကို သူ၏ နာမည်အားအသုံးပြုကာ ရည်စူးဂုဏ်ပြုခဲ့ကြသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မွေးဖွားလာခဲ့သော ကလေးငယ်များ၏အမည်ကိုလည်း အိုမာဟာလစ်ဒီမာဟု အမည်ပေးခဲ့ကြပြီး နစ်ဂ်ဒီခရိုင်အတွင်းမှ Cukurkuyu မြို့နယ်ရှိ သူ၏အုတ်ဂူကိုလည်းလူပေါင်းရာနှင့်ချီ၍ လာရောက် လည်ပတ်ခဲ့ကြသည်။

သံသယရှိသူများသည် အန်ကာရာမြို့တော်တွင် ရုံးတင်စစ်ဆေးခံနေရပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့်ရင်ဆိုင်နေကြရသည်။

# 7 Day Daily