မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းဒေသကြီးအတွင်းရှိ ကိုယ်စားလှယ်များ မိတ်ဆုံညစာစားပွဲကျင်းပ

 

မန္တလေး ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့် ကျင်းပပြီးစီးခဲ့ သော ရွေးကောက်ပွဲအသီးသီးတွင် ပါတီကိုယ်စားပြု အရွေးချယ်ခံ ခဲ့သည့် ကိုယ်စားလှယ်များ၏ အမှတ်တရမိတ်ဆုံညစာစားပွဲကို ယမန်နေ့ ညနေ ၅ နာရီက တိုင်း ဒေသကြီးပါတီရုံးခန်းမဆောင်တွင် ကျင်းပခဲ့ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်တက်ရောက်ခဲ့သည်။

စဥ့်ကိုင် ပြည်ခိုင်ဖြိုးပါတီမှ ရွှေစေတီဘုရားပွဲတော် ပဒေသာပင်အတွက် ကျပ်နှစ်သိန်းငါးသောင်းကျော်လှူဒါန်းပူဇော်

 

၁၉.၁၂.၂၀၁၈) ရက်နေ့  (၁၅း၀၀) အချိန် စဥ့်ကိုင်မြို့  မြို့ မရပ် ရွှေစေတီဘုရားပွဲတော်ပဒေသာပင်အတွက် မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ဝတ္ထုငွေ တစ်သိန်းကျပ် လှူဒါန်းပစ္စည်းများ တန်ဖိုး တစ်သိန်းငါးသောင်းကျပ် စုစုပေါင်း ကျပ်နှစ်သိန်းငါးသောင်းကျော် လှူဒါန်းပူဇော်မှုတို့ အား မြို့ ပေါ်ရပ်ကွက်အတွင်း အကြည်ညိုခံလှည့်လည်ပြီး
(၂၀.၁၂.၂၀၁၈) နံနက် (၈း၀၀) အချိန် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေမည်ဖြစ်ပါသည်။

ဓမ္မစကူးလ်ကျောင်းသို့ ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စာရေးကိရိယာများလှူဒါန်း

 

ငါန်းဇွန် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး မြင်း ခြံခရိုင် ငါန်းဇွန်မြို့နယ်ကုလကျေး ရွာရှိမင်္ဂလာရာမကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော မင်္ဂလာရာမ ဓမ္မစကူးလ်ကျောင်းသို့ ယမန်နေ့ က ငါန်းဇွန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စာရေးကိရိယာများ သွားရောက် လှူဒါန်းခဲ့သည်။

စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစု သက်ကြီးပူဇော်ပွဲကျင်းပ

 

စဥ့်ကိုင် ဒီဇင်ဘာ ၁၆

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကသဲစု ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ကသဲစုကျေးရွာ၊ ဝါးရင်းဒုတ်ကျေးရွာရှိ သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ် သိင်္ဂီအောင်၊ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင် နွယ်မြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးတင်နုနှင့်အဖွဲ့များ၊ ကျေး ရွာသူကျေးရွာသားများ စုစုပေါင်း အင်အား ၁ဝဝ ကျော် တက်ရောက်ပြီး လှူဒါန်းပူဇော် ခဲ့သည်။

ပြည်​ကြီးတံခွန်​မြို့နယ်​က ရပ်​ကွက်​ ပြည်​ခိုင်​ဖြိုးပါတီရုံး ဆိုင်းဘုတ်တင် အခမ်းအနား

 

ယနေ့ ၁၄.၁၂ .၂၀၁၈ ရက်နေ့ မင်္ဂလာအချိန် နံနက် ၉ နာရီအချိန် တွင် က ရပ်​ကွက် ပြည်ခိုင်ဖြိုးပါတီရုံးဆိုင်းဘုတ်တင်ခြင်း နှင့်​ ပါတီအလံသစ်တင်ခြင်းအခမ်းအနားများပြုလုပ်​ခဲ့ကြပါသည်။.

အထက်​ပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီ မန္တလေးခရိုင် တွဲဘက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ခရိုင်​ကော်​မတီဝင်​ ဦးဝင်းလှိုင်​ငြိမ်း မြို့နယ်ပါတီ ဥက္ကဌဦးစိုးအေး၊ အတွင်းရေးမှူး ဦးအောင်မျိုးခိုင် ဘဏ္ဏာ​ရေးမှူး ဦးစံရ နှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီ ဥက္ကဌများ နှင့် ပါတီဝင်များ၊ရပ်မိရပ်ဖများ စုစုပေါင်းအင်အား(၃၀)ဦး တို့တက်ရောက်ခဲ့ပါသည်။

စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စဥ့်ကိုင်ပြည်ခိုင်ဖြိးပါတီ မိသားစု လှူဒါန်းပူဇော်

 

ယနေ့ (၁၄.၁၂.၂၀၁၈) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ဥယျဉ်ကြီးကျေးရွာ ကုန်းကြီးကျေးရွာရှိေ ရွှဆပ်သွားဘုရား စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား နံနက်( ၈း၃၀ ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီအတွင်းရေးမှူး ဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များမှ စုပေါင်း၍ ပင့်သံဃာ (၃၄) ပါးတို အား ဆန် ဆီဆား ခေါက်ဆွဲခြောက်၊ ကြာဇံခြောက်နှင့် ဆပ်ပြာခဲများ လှူဒါန်းခဲ့ပါသည်။
စာရေးတံမဲပေါက်သော အုန်းလက္ကောက် ကျောင်းဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ စွယ်တော်မြတ်စေတီတော် (၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် လှူဖွယ်ပစ္စည်းများနှင့်ငွေများ ဆက်ကပ်လှူဒါန်း

မန္တလေး ဒီဇင်ဘာ ၁၁

ကျောက်ဆည် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးလပတ်ပုံမှန်အစည်းအဝေးကျင်းပ

ရပ်ကျေးလပတ်ပုံမှန်အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍာရေးမှုး ဦးသန်းထွန်း၊ တိုင်းကော်မတီဝင် လူငယ်တာဝန်ခံ ဒေါ်သီဂီ င်္အောင်၊ ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် ကော်မတီဝင်များ၊ စည်းရုံးရေးနယ်မြေတာဝန်ခံများ၊ ရပ်ကျေး ( 96 ) အုပ်စုမှ ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ပါတီလူငယ်အမျိုးသား၊ အမျိုးသမီးများ ( 80 ) ကျော်ဖြင့် (3.11.2018) တွင် အစည်းအဝေးကို နံနက် (9:00) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

မန္တလေး နိုဝင်ဘာ ၂၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တိုင်း ဒေသကြီးပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံ အကြို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝေါတက်ကျေးရွာတွင် ဆိုင်းဘုတ်အသစ်တင်ခြင်းအခမ်းအနားပြုလုပ်

ပုသိမ်ကြီး၊ နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ် ပြန်လည် တင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်တွင် ကျွန်းထဲပိုင်းရှိ ပုဂံတပ်ကျေးရွာအုပ်စု၊ ဝေါတက်ကျေးရွာ ဦးသန်းမောင်၏ နေအိမ်တွင် ပြုလုပ်ခဲ့သည်။