စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစု သက်ကြီးပူဇော်ပွဲကျင်းပ

 

စဥ့်ကိုင် ဒီဇင်ဘာ ၁၆

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကသဲစု ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ကသဲစုကျေးရွာ၊ ဝါးရင်းဒုတ်ကျေးရွာရှိ သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ် သိင်္ဂီအောင်၊ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင် နွယ်မြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးတင်နုနှင့်အဖွဲ့များ၊ ကျေး ရွာသူကျေးရွာသားများ စုစုပေါင်း အင်အား ၁ဝဝ ကျော် တက်ရောက်ပြီး လှူဒါန်းပူဇော် ခဲ့သည်။

သက်ကြီးဘိုးဘွားများအား ဆန်၊ ဆီ၊ စောင်၊ ပုဆိုး၊ ထဘီများ၊ လိမ်းဆေးဘူး များ၊ မုန့်များနှင့်အတူ အလှူငွေများဖြင့် လှူဒါန်းပူဇော်ခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျေးရွာသူ ကျေးရွာ သားများအား ကြာဆံဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေးကုသိုလ်ပြုခဲ့သည်။

သက်ကြီးဘိုးဘွားများနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များအား လှူဒါန်း ပူဇော် ဧည့်ခံကျွေးမွေးပြီးနောက် ကသဲစု ကျောင်းဆရာတော်ထံ လှူဖွယ်ပစ္စည်းများ နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေကာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။