ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပုံမှန်အစည်းအဝေးကျင်းပ

 

03 February 2019

မန္တလေးတိုင်းဒေသကြီးကျောက် ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၉ ရပ်ကျေးလပတ်ပုံမှန်အစည်းအဝေး ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပဋ္ဌာန်းတရား ရွတ်ဖတ်ပြိုင်ပွဲကျင်းပရေးအတွက် သြဝါဒခံယူ

 

ပျာ်ဘွယ် ဖေဖော်ဝါရီ ၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး သည် ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင် နိုင်ညွန့်တို့လိုက်ပါပြီး ပဋ္ဌာန်းတရား ရွတ် ဖတ်ပြိုင်ပွဲ ကျင်းပရေးအတွက် မြို့နယ် သံဃနာယကအဖွဲ့ထံမှ သြဝါဒခံယူပွဲကို ယမန်နေ့ နံနက်၉နာရီတွင် ပျော်ဘွယ်မြို့ မြင်း ဘက်ရပ်ကွက်၊ ပန်းစုံကျောင်းတိုက်၌ တက်ရောက် သြဝါဒခံယူသည်။

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ် ဆန်ရောင်းချမှုအဖြစ်မောရဂီဝါရပ်ကွက်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ဈေးနှုန်းချိုသာစွာရောင်းချပေး

 

မန္တလေး ဖေဖော်ဝါရီ ၃

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် (၇၅)လမ်း ၃၄x၃၅ ကြားရပ်ကွက်ရှိ ရပ်ကွက်ပြည်သူများအား ယမန်နေ့နံနက် ၉နာရီခွဲမှ မွန်းတည့် ၁၂နာရီ အထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ တတိယ အကြိမ်ဆန်ရောင်းချမှုအဖြစ် ဈေးနှုန်းချို သာစွာ ရောင်းချပေးခဲ့သည်။

ချမ်းအေးသာဇံမြို့နယ် ဒေးဝန်းအနောက်မှ ရပ်ကွက်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ဈေးနှုန်းချိုသာစွာဖြင့်ဆန်များရောင်းချပေး

 

မန္တလေး ဇန်နဝါရီ ၃၁

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက် ၉ဝx ၉၁လမ်း၃၁နှင့်၃၂ကြားရှိ ရပ်ကွက်ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီခွဲ မှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဈေးနှုန်းချိုသာစွာ ဖြင့် ဆန်များရောင်းချပေးခဲ့သည်။ချမ်းအေးသာဇံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရွှေသွယ်ရင်အမျိုးအစားဆန်အပိုင်း (၅ဝ)အား တစ်ပြည် ကျပ် ၁၄ဝဝနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများ၏ စားဝတ်နေရေးသက်သာချောင်ချိစေရန် ရည်ရွယ်၍ ဆန်များအား သက်ဆိုင်ရာ မြို့နယ်အလိုက်ရပ်ကွက်နှင့် ကျေးရွာများ သို့သွားရောက်၍ ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

ဝမ်းတွင်း ဇန်နဝါရီ ၃ဝ

ဝမ်းတွင်းမြို့နယ် ရွှေဖလားကန်အုပ်စုရွှေဖလားကန်(မြောက်)ရွာတွင် ဆိုင်းဘုတ်တင်အခမ်းအနား နှင့် ရေနွေးကြမ်းစကားဝိုင်းကို ယနေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်း၊ အတွင်းရေးမှူး ဦးမောင်မောင်ချို၊ နယ်မြေတာဝန်ခံဒေါ်လှလှဝင်း၊ မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌများ၊ ရပ်/ကျေးပါတီဝင် များ၊ ကေဒါများ၊ ပါတီကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လှူဒါန်း

 

ပုသိမ်ကြီး ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီဥက္ကဋ္ဌဦးဆွေသန်း၊ အတွင်း ရေးမှူးဦးကိုကိုလွင်၊ မြို့နယ်ကော် မတီဝင်ဦးကျော်ခိုင်(နယ်မြေမှူး)နှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ဒဟတ္တောကျေးရွာ အုပ်စုသရက်ကိုင်းကျေးရွာအခြေခံ ပညာမူလတန်းကျောင်းအမှတ်(၇၃) တွင်ပြုလုပ်သောပညာရေးစုံညီပွဲ တော်သို့ တက်ရောက်ခဲ့သည်။

ပည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပညာရေးစုံညီပွဲတော်တက်ရောက် ကျေးရွာလူထုနှင့်တွေ့ဆုံဆွေးနွေး

 

မိတ္ထီလာ ဇန်နဝါရီ ၂၉

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် လိန်တောအုပ်စု ကံကောင်းကျေးရွာ အမက(၆ဝ) ကျောင်း၌ ယမန်နေ့နံနက် ၉နာရီ မှ မွန်းတည့် ၁၂ နာရီအထိ ပညာ ရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီ ပွဲတော် ကျင်းပခဲ့သည်။

ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

မြစ်သား ဇန်နဝါရီ ၂၈

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကို ယမန်နေ့ နံနက် ၉နာရီက ကျန် တောကျေးရွာ ပါတီကော်မတီဝင် ဦးစိန်ဝင်းထွန်းနေအိမ်၌ ကျောက် ဆည်ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အမွှေးနံ့သာ များဖြင့်ပက်ဖျန်း၍ အောင်မြင်စွာ ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဝမ်းတွင်း ဇန်နဝါရီ ၂၈

ဝမ်းတွင်းမြို့နယ် ထီးလှိုင်အုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းနှင့် ကော်မတီဝင်များ၊ ရုံးအဖွဲ့များ၊ ထီးလှိုင်ကျေးရွာပါတီဥက္ကဋ္ဌ ဦးမောင်ကြိုင်နှင့်ပါတီဝင်များ စုစုပေါင်းအင်အား ၅ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆိုင်းဘုတ်တင်အခမ်းအနားအပြီး ရေနွေးကြမ်းစကားဝိုင်းလည်း ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဓမ္မစကြာတရားစာအုပ်များလှူဒါန်း

 

ပျော်ဘွယ် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး ပျော် ဘွယ်မြို့နယ်အတွင်းရှိ ဓမ္မစကြာ ဝတ်အသင်းများသို့ ဓမ္မစကြာ တရားစာအုပ်များ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပျော် ဘွယ်မြို့ ရှမ်းပွဲရပ်ကွက် ရာပြည့် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီးဒေါက်တာ သင်းမျိုးမျိုးအောင်တို့တက်ရောက် လှူဒါန်းခဲ့ကြသည်။