ဓမ္မစကူးလ်ကျောင်းသို့ ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စာရေးကိရိယာများလှူဒါန်း

 

ငါန်းဇွန် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး မြင်း ခြံခရိုင် ငါန်းဇွန်မြို့နယ်ကုလကျေး ရွာရှိမင်္ဂလာရာမကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော မင်္ဂလာရာမ ဓမ္မစကူးလ်ကျောင်းသို့ ယမန်နေ့ က ငါန်းဇွန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စာရေးကိရိယာများ သွားရောက် လှူဒါန်းခဲ့သည်။

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ လှူဒါန်းသော စာအုပ် ၂၆ ဒါဇင်ကျော်အား မြို့နယ်ပါတီကော် မတီဝင် နယ်မြေတာဝန်ခံဦးကျော် ဇင်ဝင်းနှင့် ဦးအောင်နိုင်ဝင်းတို့က ပေးအပ်လှူဒါန်းရာ မင်္ဂလာရာမ ဓမ္မစကူးလ်ကျောင်းမှ ဆရာတော် များကလက်ခံရယူခဲ့သည်။

ငါန်းဇွန်မြို့နယ် ကုလကျေးရွာ ရှိ မင်္ဂလာရာမကျောင်းတိုက်တွင် မင်္ဂလာရာမဓမ္မစကူးလ်ကျောင်းအား မင်္ဂလာရာမကျောင်းတိုက် ဆရာ တော်ဘဒ္ဒန္တဒေဝိန္ဒ ဦးဆောင်ဖွင့် လှစ်ထားပြီး ကျောင်းသားကျောင်း သူ ၃ဝဝ ပညာသင်ကြားနေ ကြောင်း သိရသည်။

သုတ(မန္တလေး)