မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

မန္တလေး နိုဝင်ဘာ ၂၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တိုင်း ဒေသကြီးပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံ အကြို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ်သုံးရပ်ဖြင့် ကျင်းပ ရာ ဦးစွာအခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့် လှစ်ခဲ့ကာ ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေ ဧည့်ခံခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကားပြောကြား ခဲ့ပြီးနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင် တိုင်းဒေသကြီး အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ် လှလှအေးက ဗဟိုအမျိုးသမီးညီလာခံအကြို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုး သမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ခရိုင်နှင့် မြို့နယ်များ အစု အဖွဲ့လိုက်ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ပြီး ခေါင်းစဉ် လေးမျိုးဖြင့် နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့် စာတမ်းများကို ပြုစုခဲ့ပြီးနောက် အစီအစဉ် တတိယပိုင်းကို ကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင် အစု အဖွဲ့အလိုက် မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်း ကို သာစည်မြို့နယ် ပါတီအတွင်းရေးမှူး ဒေါ် ကြူကြူမော်ကလည်းကောင်း၊ မြန်မာအမျိုးသမီး များ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကိုညောင်ဦး မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဒေါ်မြသန္တာဦးက လည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ်ထိန်းသိမ်းရေး၊အမျိုးသမီးများ၏ အခွင့် အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် အညီ အကောင်အထည်ဖော်ဆောင်ရေး စာတမ်း ကို ရမည်းသင်းခရိုင်ပါတီ အတွင်းရေးမှူး ဒေါ် သန်းသန်းအေးကလည်းကောင်း၊ အမျိုးသမီးပါတီ ဝင်သစ်များစုဆောင်းရေးနှင့် ပါတီအောင်နိုင်ရေး အတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက် မပြတ်လေ့ကျင့် ပျိုးထောင်ပေးရေးစာတမ်းကို ငါန်းဇွန်မြို့နယ် ပါတီကော်မတီဝင် အမျိုးသမီး ကဏ္ဍတာဝန်ခံ ဒေါ်သန်းစိန်ကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ပြီးနောက် မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုး ပါတီအမျိုးသမီး နှီးနှော ဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့် ရှေ့ လုပ်ငန်းစဉ်များအားထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင်များဖြစ်ကြသော မန္တလေးတိုင်း ဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော် မတီဝင်တိုင်းဒေသကြီး အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ်လှလှအေး၊ တိုင်းဒေသကြီးပါတီကော်မတီ ဝင်များ၊ ခရိုင်နှင့်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီအတွင်းရေးမှူးများ၊ မိတ်ဖက်နိုင်ငံရေး ပါတီများမှ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ အမျိုးသမီးကဏ္ဍ တာဝန်ခံများအပါအဝင် စုစုပေါင်း အင်အား ၅ဝဝ ကျော်တက်ရောက်ခဲ့ ကြောင်းသိရသည်။

သုတ(မန္တလေး)