မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ တိုင်း​ဒေသကြီး/ခရို​င်​/မြို့နယ်​ပါတီများ ပုံမှန်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

 

(15-11-2018) ရက်နေ့ နံနက်(10:30)နာရီအချိန်တွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြင်းခြံခရိုင်အစည်းအဝေးခန်းမအတွင်း ကျင်းပသော ခရိုင်အတွင်းလေးမြို့နယ်မှ ဥက္ကဋ္ဌများ အတွင်းရေးမှူးများ ကော်မတီဝင်များနှင့် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီနယ်မြေတာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ တိုင်းကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တိုင်းပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြား၍ ဆွေးနွေးပွဲနှင့်ပါတ်သက်သည့် ဆောင်ရွက်ရန် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

လမ်းပြုပြင်ရန် နှင့် ဓမ္မာရုံတည်ဆောက်ရန်အတွက် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ ပေးအပ်လှူဒါန်း

 

စဥ့်ကိုင်၊ နိုဝင်ဘာ ၁၄

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ဘယ်လင်းအုပ်စု Óဏ်ကွေ့ရွာဦးကျောင်းဆရာတော် ဦးဆောင်၍ လမ်းပြုပြင်ခြင်း နှင့် ဓမ္မာရုံတည်ဆောက်ရန်အတွက် ငွေကျပ်တစ်သိန်း၊ ရပ်ကျေးပါတီဥက္ကဋ္ဌမှ ငွေကျပ်နှစ်သောင်း ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံး၊ ပါတီအတွင်းရေးမှူး ဦးထွန်းနိုင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး ပါတီအဖွဲ့များ တက်ရောက်ကြပြီး ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။

ကြပ်စခန်းကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်ပွဲနှင့် တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများတက်ရောက်

 

သာစည် နိုဝင်ဘာ ၁၃

သာစည်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ တိုင်းလွှတ်တော်ကိုယ်စား လှယ်နှစ်ဦး ဦးမိုးမြင့်သိန်းနှင့် ဦးစံ ထွန်း၊ အတွင်းရေးမှူး ဒေါ်ကြူ ကြူမော်၊ ဘဏ္ဍာရေးမှူး ဦးခင် မောင်ငြိမ်း၊ နယ်မြေတာဝန်ခံနှင့် မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပြည်ညောင် ကျေးရွာ”ကြပ်စခန်းကျေးရွာ” အုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်ခဲ့ကြပြီး သစ်ပုလွေ/ လယ်စပင်ကျေးရွာပြည်သူများနှင့် တွေ့ဆုံပွဲသို့ဆက်လက်တက်ရောက် ခဲ့ကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးခရိုင်မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်အမှာစကားပြော

 

မန္တလေး နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး ခရိုင် မြို့နယ်ပါတီ များ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်တက်ရောက်၍ အမှာစကားပြောကြား ခဲ့သည်။

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ လမ်းပြုပြင်ရန်အတွက် ငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်း

 

ယနေ့ (9.11.2018) ရက်နေ (10:30) အချိန့် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ စွန်ရဲအုပ်စု စွန်ရဲကျေးရွာ ကျေးရွာတွင်းလမ်းအား မြေကျောက် (၁၃) စီးစာ အတွက် ငွေကျပ်တစ်သိန်းတိတိအား ကျေးရွာပါတီဥက္ကဌ နှင့် လမ်းဖြစ်မြောက်ရေးကော်မတီထံ ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊
မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံး၊ အတွင်းရေးမှူး ဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များ စုပေါင်း၍ လုပ်အားကုသိုလ်နှင့်အတူ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လမ်းပြုပြင်ရန်အတွက် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီက ငွေကျပ်တစ်သိန်းပေးအပ်လှူဒါန်း

 

စဥ့်ကိုင် နိုဝင်ဘာ ၈

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြောင်းဆုံကြီးအုပ်စု မြောင်းဆုံကြီးကျေးရွာ အဝင်လမ်းအား မြေကျောက်ငါးစီးစာအတွက် ယမန်နေ့နံနက် ၈ နာရီခွဲက ငွေကျပ်တစ် သိန်းကို ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံး၊ အတွင်းရေးမှူးဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့များ စုပေါင်း၍လုပ်အားကုသိုလ်နှင့်အတူ ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုယ့်အားကိုယ်ကိုးကွန်ကရစ်တံတားတည်ဆောက်ရေး ပြည်ခိုင်ဖြိုးပါတီ ပါဝင်လှူဒါန်း

 

ဝမ်းတွင်း နိုဝင်ဘာ ၇

ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်း၊ မြို့နယ်ကော်မတီဝင်ဦးဌေးရီတို့သည် ယမန်နေ့နံနက်တွင် လူးခင်းအုပ်စုရှိ ပျားစွဲအရှေ့ရွာနှင့် အနောက်ရွာကြားရှိ အရှည်ပေ ၃ဝဝ၊ အနံငါးပေရှိ သံကူကွန်ကရစ် ကိုယ့်အားကိုယ်ကိုး တံတားလုပ်ငန်းဆောင်ရွက်ရာသို့ သွားရောက်ကာ အလှူငွေကျပ် ၅ဝဝဝဝ လှူဒါန်းခဲ့ကြောင်း သိရသည်။


စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စိမ်းလမ်းစိုပြည် ဝန်းသိုမြေဖြစ်ရေးစုပေါင်းသစ်ပင်စိုက်

 

စဥ့်ကိုင် နိုဝင်ဘာ ၇

စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဝန်းသိုအုပ်စု ဝန်းသိုကျောင်းအတွင်း၌ စိမ်းလမ်း စိုပြည်ဝန်းသိုမြေဖြစ်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီတွင် ယူကလစ်ပင် ၁၅ဝ၊ ကျွန်းပင် ၅ဝ၊ လျှော်ဖြူ ၂ဝ စုစုပေါင်းအပင်၂၂ဝကို ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့များနှင့် ကျေးရွာမှ ပြည်သူများစုစုပေါင်းအင်အား ၈ဝ ကျော်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့သည်။

သင်ပုန်းချောင်းကူး(ရွှေဆံပင်)ကိုယ်ထူကိုယ်ထ တံတားလုပ်ငန်းဆောင်ရွက်မှုအတွက်ပြည်ခိုင်ဖြိုးပါတီငွေလှူဒါန်း

 

ဝမ်းတွင်း နိုဝင်ဘာ ၅

ဝမ်းတွင်းမြို့နယ် ရှောက်တောကျေးရွာအုပ်စု ဆင်သေကွေ့ ကျေးရွာ သင်ပုန်းချောင်းကူး(ရွှေဆံပင်) ကိုယ်ထူကိုယ်ထ တံတား လုပ်ငန်းခွင်သို့ ယနေ့တွင် မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦး ထွန်းထွန်းဦး၊ ခရိုင်ပါတီကော်မတီဝင်ဦးမြဌေး၊ မြို့နယ်ပါတီကော် မတီဥက္ကဋ္ဌဦးမျိုးမြင့်သိန်း၊ အတွင်းရေးမှူးဦးမောင်မောင်ချို၊ ဘဏ္ဍာ ရေးမှူးဦးအောင်တင့်နှင့် မြို့နယ်ကော်မတီဝင်များသွားရောက်၍ အလှူငွေကျပ် ၁၃ဝဝဝဝ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ်တင်ပွဲ မလှိုင်မြို့နယ်၌ကျင်းပ

 

မလှိုင် နိုဝင်ဘာ ၅

မန္တလေးတိုင်းဒေသကြီးမလှိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ် အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့ နယ် သက္ကယ်ကျင်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။