ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးခရိုင်မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်အမှာစကားပြော

 

မန္တလေး နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး ခရိုင် မြို့နယ်ပါတီ များ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်တက်ရောက်၍ အမှာစကားပြောကြား ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က မိမိတို့ပါတီဝင် အင် အားကို ခိုင်မာအောင်တည်ဆောက်ထားရန် လိုအပ်ကြောင်း၊ပါတီဝင်များအနေဖြင့် တစ် ဦးချင်းကိုယ်စီတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူ လူထု အားကိုးယုံကြည်မှုရှိအောင် စည်း ရုံး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပါတီဝင်များအားလုံးအရည်အသွေး၊အရည် အချင်းမြင့်မားလာစေရန် လေ့ကျင့်ပျိုး ထောင်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ ပါတီအားကျစ်လျစ်ခိုင်မာအောင်တည် ဆောက်ရာတွင် နိုင်ငံရေးနှင့်စည်းရုံးရေး စွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်မြင့်မား ရန်လိုအပ်ကြောင်း၊ ထိုသို့မြင့်မားရန် အတွက် အစဉ်ကြိုးပမ်းမြှင့်တင်သွားရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ခရိုင်မြို့နယ် ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ အနေဖြင့် ပါတီဝင်ထုနှင့်အစဉ်အမြဲထိတွေ့ သွားရန်လိုအပ်ကြောင်း အစရှိသည်များကို အစည်းအဝေးတွင် ဦးဝဏ္ဏမောင်လွင်က ထည့်သွင်းမှာကြားခဲ့သည်။
ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းမောင်ကလည်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီကော်မတီဝင်များမှ မိမိတို့တာဝန်ယူထားသည့် ကဏ္ဍများ အလိုက် တင်ပြဆွေးနွေးခြင်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌများမှ ခရိုင်အလိုက် ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ မြို့နယ်အသီးသီးမှ မြို့နယ်ပါတီဥက္ကဋ္ဌများမှ သက်ဆိုင်ရာမြို့ နယ်အလိုက် စည်းရုံးရေး၊ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများတင် ပြဆွေးနွေးခြင်း၊နယ်မြေအလိုက်ပါတီများ မှ တင်ပြလာမှုများအပေါ် တိုင်းဒေသကြီး ပါတီမှ ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးနယ်မြေတာဝန်ခံဦးဝဏ္ဏမောင်လွင် နှင့် အတူပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်း ဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် အတွင်း ရေးမှူးများအပါအဝင် စုစုပေါင်း အင်အား ၈၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ