မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်း/ ခရိုင်/ မြို့နယ် ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်း/ ခရိုင်/ မြို့နယ် ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်.။
အဆိုပါလုပ်ငန်ညှိနှိုင်းအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုင်းဒေသကြီးဥက္ကဌ ဒေါက်တာ မြင့်သိန်း၊ ဗဟိုကော်မတီဝင် တိုင်ကော်မတီ မုံရွာခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်၊ တိုင်းကော်မတီဝင် စီ/မံ ဒေါ်ယဉ်မာဝင်း၊ မုံရွာခရိုင်ပါတီ ဥက္ကဌ ဦးအောင်တိုး၊ တွင်း/မှူး ဒေါ်ကြူမိုးသန့် မုံရွာမြို့နယ်တာဝန်ခံ ခရိုင်ကော်မတီ ဦးရဲနိုင်ထွန်း၊ မြို့နယ်တာဝန်ခံ ခရိုင်ကော်မတီ ဦးမြင့်အောင်၊ မုံရွာမြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်း၊ တွင်းမှူး ဦးဝင်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည် ။ အမာခံ တည်ဆောက်ဖွဲစည်းကာ အရောင်ပြောင်းလဲရေး စီမံချက်၊ အမျိုးသားရေးလှုပ်ရှားမှု မြေပြင်ပကတိ အရှိ အသိ သတိတို့ ဖြင့် နိုင်ငံရေး၊ စီးပွားရေး ၊ ဘာသာရေး၊ လူမှုရေး ဆွေနွေး ကြပြီး ဆောင်ရွက်ထားရှိမှု ဆောင်ရွက်ဆဲ ရှေ့ဆက်လက် ဆောင်ရွက်သွားကြရန်များကို ဆွေနွေးမှာကြားပေးခဲ့ပါသည်။
မြန်မာနိုင်ငံရေးမှသည် ကမ္ဘာနိုင်ငံရေးသို့ ကမ္ဘာနိုင်ငံရေးမှသည် မြန်မာနိုင်ငံရေးသို နှီးနွယ်ဆက်စပ် ဖြစ်စဉ်များကို မိဘပြည်သူတို့ နှင့်အတူ ဆောင်ရွက်သွားရှိကြရမည်ဖြစ်ကြောင် ဆွေးနွေးသုံသပ်ပေးခဲ့ကြပါသည်။

လင်း ခေတ်သွေး