ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝေါတက်ကျေးရွာတွင် ဆိုင်းဘုတ်အသစ်တင်ခြင်းအခမ်းအနားပြုလုပ်

ပုသိမ်ကြီး၊ နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ် ပြန်လည် တင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်တွင် ကျွန်းထဲပိုင်းရှိ ပုဂံတပ်ကျေးရွာအုပ်စု၊ ဝေါတက်ကျေးရွာ ဦးသန်းမောင်၏ နေအိမ်တွင် ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့် ကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ တက်ရောက် ခဲ့သည်။ ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းကာဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် ပါတီအနေဖြင့် ဟောင်းနွမ်းနေသော ပါတီဆိုင်းဘုတ်များကို ဥပဓိရုပ်ကောင်းမွန်ရေးအတွက် အသစ်ပြန်လည်တင်ခြင်းများ ပြုလုပ်လျက်ရှိရာ ကျေးရွာအုပ်စု (၁၃) အုပ်စုတွင် ပြီးစီးပြီး ကျန်ကျေးရွာများကို လည်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ပုသိမ်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်လယ်မှာ ကျေးရွာအုပ်စု ၁၂ အုပ်စု ပါဝင်ကြောင်း သိရသည်။

ရိုးဆန်း