မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ စွယ်တော်မြတ်စေတီတော် (၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် လှူဖွယ်ပစ္စည်းများနှင့်ငွေများ ဆက်ကပ်လှူဒါန်း
မန္တလေး ဒီဇင်ဘာ ၁၁
မန္တလေးမြို့ အမရပူရမြို့နယ် မဟာဓမ္မရံသီကုန်းတော်မြတ်တွင် တည်ထားကိုးကွယ်တော်မူသော စွယ်တော်မြတ် စေတီတော် (မန္တလေး) (၂၃) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်၏ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ပရိဝုဏ်၌ ကျင်းပခဲ့ရာ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဘုရားအမှူးပြုသော သံဃာတော် ၄၅ ပါး စုစုပေါင်း ၄၆ ပါးအား ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မန္တလေးမြို့ရှိ ကျောင်းတိုက်အသီး သီးမှသံဃာတော်အရှင်သူမြတ်များ အလှူခံ ကြွရောက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် မန္တလေးခရိုင် နယ်မြေတာဝန်ခံ ဦးမျိုးမြင့်၊ မန္တလေးခရိုင် ပါတီ ကော်မတီဝင် ဦးညီညီမင်း၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်၍ ကုသိုလ်ပြုလှူဒါန်းခဲ့ကြောင်း သိရသည်။
စွယ်တော်မြတ် စေတီတော် (မန္တလေး) ၏ ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားအား နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကျင်းပသော (၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့ ညနေ ၅ နာရီ ခွဲက ရွှေကြာသင်္ကန်းရက်လုပ်ခြင်း ဖွင့်ပွဲနှင့် ဆီမီး ၉ဝဝဝ ထွန်းညှိ ပူဇော်ခြင်းတို့အား ပြုလုပ်ခဲ့ပြီး ယနေ့နံနက် ၆ နာရီတွင် ဘုရား အမှူးပြုသော သံဃာတော်အရှင် သူမြတ်တို့အား ဆွမ်းဆက်ကပ် လှူဒါန်း၍ နံနက် ၇ နာရီတွင် ဗုဒ္ဓါဘိသေက အနေကဇာတင် ခြင်း မင်္ဂလာအခမ်းအနားကျင်းပခဲ့ကာ နံနက် ၇ နာရီခွဲတွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
သုတ