အက်သလက်တီကိုတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အား ခေါ်ယူရန်အတွက် ကစားသမား၏အေးဂျင့်နှင့် မန်ယူအသင်းတာဝန်ရှိသူများ ဆွေးနွေး

ယခုနွေရာသီအပြောင်းအရွှေ့ ဈေးကွက်တွင် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေသည့် မန်ယူအသင်းသည် စပိန်နိုင်ငံသို့ ကိုယ်စားလှယ်များစေလွှတ်ကာ အက်သလက်တီကိုတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ခေါ်ယူရန်အတွက် ကစားသမား၏အေးဂျင့်နှင့် ဆွေးနွေးနေကြောင်း သိရှိရသည်။

မန်ယူအသင်းသည် အနာဂတ်လှုပ်ခတ်နေသည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကြောင့် အသင်း၏ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး   တိုက်စစ်ကစားသမားပေါင်းများစွာကို ချိတ်ဆက်လျက် ရှိပြီး ယခုအခါ အက်သလက်တီကိုတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာခြင်းဖြစ်သည်။

ဘာစီလိုနာအသင်း ငွေကြေးများစွာ သုံးစွဲနေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိသည်ဟု ယာဂန်ကလော့ပ် ဆို

လီဗာပူးလ်အသင်း၏နည်းပြ ယာဂန်ကလော့ပ်က ယခုနွေရာသီတွင် ဘာစီလိုနာအသင်း ငွေကြေးများစွာ သုံးစွဲနေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း ယခုနွေရာသီတွင် ငွေကြေးများစွာသုံးစွဲကာ ကစားသမားသစ်အများအပြားကို ခေါ်ယူခဲ့သည့်အတွက် ယာဂန်ကလော့ပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ယင်းအတွက် ဘာစီလိုနာအသင်းသည် ကစားသမားသစ်များအား မှတ်ပုံတင်စာရင်းသွင်းရန်ပင် အခက်တွေ့ ခဲ့ရပြီး လာလီဂါရာသီအဖွင့်ပွဲမတိုင်မီမှ လီဝန်ဒေါစကီးနှင့် ရာဖင်ညာတို့ကို စာရင်းသွင်းနိုင်ခဲ့ပြီး နောက်ခံလူ ခွန်ဒဲကိုမူ လက်ရှိအချိန်အထိ စာရင်းသွင်းနိုင်ခြင်းမရှိသေးပေ။

ကျေးဇူးမမေ့တဲ့ မာနေး လီဗာပူးဝန်ထမ်း ၁၅၀ ဆီ ချောကလက်များပေးပို့

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ အသင်းဟောင်း လီဗာပူးဝန်ထမ်း ၁၅၀ ဆီကို  ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ချောကလက်မုန့်တွေ လက်ဆောင်ပေးပို့လိုက်ပါတယ်။

အသက် ၃၀ အရွယ် ဆီနီဂေါတိုက်စစ်မှူး မာနေးဟာ အခုနှစ်ရာသီမစခင်မှာ ပေါင် ၃၅ သန်းနဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကစားနေတာပါ။

လီဗာပူးမှာမရှိတော့ပေမယ့် အသင်းဟောင်းဝန်ထမ်းတွေရဲ့ ကျေးဇူးကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ချောကလက်မုန့် အများအပြားကို ပေးပို့စေခဲ့တာပါ။

ကွန်တီ နဲ့ တူချယ်ကို အက်ဖ်အေ စွဲချက်တင်

တနင်္ဂနွေနေ့က စတန်းဖို့ဒ် ဘရစ်ကွင်းမှာ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ ချယ်လ်ဆီးမန်နေဂျာ သောမတ်စ်တူချယ်နဲ့ စပါးနည်းပြ အန်တိုနီယိုကွန်တီ တို့ကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် က စွဲချက်တင်လိုက်ပါတယ်။

နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ မန်နေဂျာနှစ်ဦး က လက်ဆွဲ နှုတ်ဆက်ခဲ့ကြပေမယ့် ကွင်းထဲမှာ ဒေါသတကြီး ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး ကစားသမားတွေနဲ့ ဝန်ထမ်းတွေ က ကြားဝင် ဖြန်ဖြေခဲ့ရကာ ဒိုင်လူကြီး အန်သိုနီတေလာ က နှစ်ဦးစလုံးကို အနီကတ် ပြသခဲ့ပါတယ်။

ယခုရာသီ ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမား ၁၅ ဦးအထိ သွားရောက်ကစားနေပြီး ထိုင်းလိဂ်-၁ နှင့် ထိုင်းလိဂ်-၂ ပြိုင်ပွဲများ စတင်

၂၀၂၂-၂၀၂၃ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲများသို့ သွားရောက်ကစားနေသည့် မြန်မာကစားသမားအရေအတွက်မှာ ၁၅ ဦး အထိ ရှိပြီး ထိုင်းလိဂ်-၁ နှင့် ထိုင်းလိဂ်-၂ ပြိုင်ပွဲများကို ယခုတစ်ပတ် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် မြန်မာကစားသမား ငါးဦး၊ ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် မြန်မာကစားသမားခုနစ်ဦး၊ ထိုင်းလိဂ်-၃ ပြိုင်ပွဲတွင် မြန်မာကစားသမားသုံးဦး သွားရောက်ကစားနေခြင်းဖြစ်သည်။

တိုရွန်တိုချန်ပီယံဆုကို ဆီမိုနာဟာလပ်ရရှိ

အခုတစ်ပတ်ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ ထိပ်ဆုံး ၁၀ ယောက်စာရင်းထဲ ပြန်ရောက်လာခဲ့တဲ့ ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာဟာလပ်ဟာ တိုရွန်တိုးအိုးပင်း အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဟာလပ်နဲ့ ဘရာဇီးနိုင်ငံသူ ဟာဒက်မီယာတို့ဆုံတွေ့ခဲ့တာဖြစ်ပြီး ပွဲကစားချိန် (၂)နာရီနဲ့ (၁၆)မိနစ်ကြာတဲ့အထိ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဟာလပ်က (၆း၃၊၂း၆၊၆း၃)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ ဟာလပ်ရဲ့ ကစားသမားဘဝ (၂၄)ခုမြောက် WTA တိုးချန်ပီယံဆုဖြစ်ခဲ့သလို တိုရွန်တိုအိုးပင်းချန်ပီယံဆုကို ၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဟာဒက်မီယာနဲ့ ဆုံတွေ့ခဲ့တဲ့ပွဲတိုင်းက အမြဲခက်ခဲခဲ့သလို ပြိုင်ဘက်ကောင်းကိုအနိုင်ရပြီး ချန်ပီယံဆုရခဲ့လို့ ပျော်ရွှင်မိတယ်လို့ ပွဲအပြီးမှာဟာလပ်က ပြောသွားခဲ့ပါတယ်။

အသင်းကို အနားပေးမည့်အစီအစဉ် တန်ဟတ်ဖျက်သိမ်း

ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ပွဲအပြီး နောက်တစ်ရက်မှာ အနားပေးမယ့် အသင်းအစီအစဉ်ကို နည်းပြတန်ဟတ်က ဖျက်သိမ်းခဲ့ပါတယ်။ မန်ယူအသင်းဟာ မူလက လီဗာပူးနဲ့ရင်ဆိုင် ကစားရမယ့် ဩဂုတ် ၂၂ ရက် ပွဲမတိုင်ခင် ကစားသမားတွေကို နှစ်ရက်အနားပေးဖို့ စီစဉ်ခဲ့တာပါ။

လန်ဒန်ဒါဘီတွင် ရန်ဖြစ်ခဲ့သည့် နည်းပြကွန်တီနှင့် တူချယ်တို့ အနီကတ်ပြ ထုတ်ပယ်ခံရ

မနေ့ညက ကစားသွားခဲ့တဲ့  ချဲလ်ဆီးနဲ့ စပါးစ်တို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နည်းပြကွန်တီနဲ့ တူချယ်တို့ နှစ်ယောက်စလုံး အနီကတ်ပြခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။သူတို့ နှစ်ယောက်ဟာ ကွင်းဘေးစည်းပေါ်မှာ နှစ်ကြိမ် တိုင်တိုင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပွဲပြီးဆုံးချိန် လက်ဆွဲနုတ်ဆက်ရာမှာလည်း ဒုတိယအကြိမ် တွန်းထိုးခဲ့ကြလို့ တခြားနည်းပြအဖွဲ့ဝင်တွေက ဖျန်ဖြေခဲ့ရပါတယ်။

မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် PSG အသင်း စိတ်ဝင်စားနေ

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

PSG အသင်းသည် မက်ဆီ၊ နေမာ၊ ဘာပေ စသည့် နာမည်ကျော်ထိပ်တန်းတိုက်စစ်မှူးအများအပြားကို ပိုင်ဆိုင်ထားသော်လည်း အထောင်တိုက်စစ်မှူးအဖြစ်သာမက အခြားတိုက်စစ်နေရာများတွင်ပါ ကစားနိုင်ခြင်း ကြောင့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။