အိမ်ရှင်ပရိသတ်များရှေ့မှောက်တွင်ကစားရမည်ဖြစ်သော်လည်း ဖိအားရှိမည့်အသင်းမှာ အိမ်ရှင်အင်ဒိုနီးရှားသာ ဖြစ်မည်ဟု မြန်မာအသင်းနည်းပြ ဆို

မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးက ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် တွေ့ဆုံနေပြီး အိမ်ရှင် ပရိသတ်ရှေ့မှောက်တွင် ကစားရမည်ဖြစ်သော်လည်း ဖိအားရှိမည့်အသင်းမှာ အိမ်ရှင်  အင်ဒိုနီးရှားအသင်းသာဖြစ်မည်ဟု ဆီမီးဖိုင်နယ်အကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုကို အရန်ခုံတွင် ထိုင်ခိုင်းခဲ့သည့် ဆုံးဖြတ်ချက်မှားယွင်းခဲ့သည်ဟု မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ် ဝန်ခံ

မန်ယူအသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် စီရော်နယ်လ်ဒိုကို ပွဲထွက်အဖြစ် အသုံးမပြုဘဲ အရန်ခုံတွင် ထိုင်စေခဲ့သည့် ဆုံးဖြတ်ချက် မှားယွင်းခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။အဲရစ်တန်ဟက်ဂ်သည် ယင်းပွဲစဉ်တွင် မန်ယူအသင်း၏ ကစားသမားသစ်တစ်ဦးဖြစ်သည့် ဒိန်းမတ်ဝါရင့် ကွင်းလယ်လူ အဲရစ်ဆင်ကို False 9 နေရာ၌ အသုံးပြုခဲ့ပြီး ကွင်းလယ်တွင် ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေးနှင့် ဖရက်ဒ်တို့ကို သုံးခဲ့သည်။ နောက်ပိုင်းတွင် ဖရက်ဒ်အစား စီရော်နယ်လ်ဒို ကိုထည့်ကာ အဲရစ်ဆင်ကို ကွင်းလယ်တွင် ပြန်ကစားခိုင်းပြီးမှ မန်ယူအသင်း ၏ ကစားပုံ ပိုကောင်းလာခဲ့ခြင်းဖြစ်သည်။

ကစားသမားသစ်များကို အချိန်မီ စာရင်းသွင်းနိုင်မည်ဟု ဘာစီလိုနာဘုတ်အဖွဲ့ ယုံကြည်နေပြီး ဒီယွန်းကို ခြိမ်းခြောက်မှု ပြုလုပ်ထားကြောင်း သတင်းထွက်နေ

ဘာစီလိုနာအသင်း၏ ဘုတ်အဖွဲ့သည် ယခုနွေရာသီတွင် ခေါ်ယူထားသည့် ကစားသမားသစ်များကို အချိန်မီ စာရင်းသွင်းနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

ရာသီသစ်လာလီဂါပြိုင်ပွဲမှာ ယခုတစ်ပတ် သောကြာနေ့တွင် စတင်တော့မည်ဖြစ်ပြီး ဘာစီလိုနာအသင်းအနေဖြင့် စနေနေ့တွင် ဗယ်လက်ကာနိုအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

သို့သော် လက်ရှိအချိန်အထိ ကစားသမားသစ်များနှင့် စာချုပ်သက်တမ်းတိုးထားသည့် ကစားသမားများကို လာလီဂါအဖွဲ့ချုပ်ထံ စာရင်းသွင်းနိုင်ခြင်း(မှတ်ပုံတင်နိုင်ခြင်း)မရှိသေးပေ။

အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ရာသီအဖွင့်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်ပရိသတ်များ ဆန္ဒပြ

မန်ချက်စတာယူနိုက်တက်အသင်း၏ ပရိသတ်များသည် အသင်း၏ ရာသီအဖွင့်ပွဲစဉ်ဖြစ်သည့် ဘရိုက်တန်အသင်းနှင့် ပွဲတွင် အသင်းပိုင်ရှင် ဂလေဇာမိသားစုကို အိုးလ်ထရက်ဖို့ဒ်ကွင်းရှေ့တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်များသည် ဂလေဇာမိသားစု၏ မန်ယူအသင်းအပေါ် ပိုင်ဆိုင်မှုအား ကန့်ကွက်ဆန္ဒပြသည့် စာတန်းများကို ကိုင်ဆောင်ထားကြသလို၊ မီး ရှူးမီးပန်းများ၊ မီးခိုးမှုတ်စက်များကို အသုံးပြုပြီး ဂလေဇာ ထွက်သွားဆိုသည့် သံပြိုင်အော်ဟစ်မှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

လစာငွေလျှော့ချပြီး အရည်အသွေးမြင့်ကစားသမားအသစ်များ ခေါ်ယူနိုင်သဖြင့် ရိုးမားနည်းပြ မော်ရင်ဟို ချီးကျူးခံရ

လာမည့်ရာသီ စီးရီးအေပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရာတွင် ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် အသင်း၏ လစာငွေကို လျှော့ချပြီး ဒီဘားလား၊ ဝိုင်နယ်လ်ဒမ်းနှင့် မာတစ်တို့လို အတွေ့အကြုံရင့် ကစားသမားများအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ လူစာရင်းပိုမိုအင်အားခိုင်မာအောင် ပြုလုပ်ထားသဖြင့် အီတလီမီဒီယာများက ချီးကျူးနေကြသည်။လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် ရိုးမားအသင်းသည် ကစားသမားသစ် (၅)ဦးခေါ်ယူထားပြီး လိုင်လီအသင်းမှ ခေါ်ယူထားသည့်နောက်ခံလူ ဇီကီဆီလစ်ခ်အတွက်သာ ပြောင်းရွှေ့ကြေးယူရို (၇)သန်း သုံးစွဲထားရပြီး ရိုးမားအသင်းမှ ဒီဘားလား၊ PSG အသင်းမှ ဝိုင်နယ်လ်ဒမ်း၊ မန်ယူအသင်းမှ မာတစ်နှင့် ဘင်ဖီကာ အသင်းမှ  ဆားဘီယားဂိုးသမား မီလေဆာဗီလားတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။

ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကို ပေါင်သန်း(၆၀)ကျော်နဲ့ ချဲလ်ဆီး ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းက စပိန်နောက်ခံလူ ကူကူရယ်လာကို ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်ဘယ်နောက်ခံလူဟာ ချဲလ်ဆီးနဲ့(၆)နှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ကူကူရယ်လာက “ကျွန်တော့်တကယ့်ကို ပျော်ရွှင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို ပြောင်းရွှေ့ခွင ့်ရခဲ့တာက ကျွန်တော့်အတွက် ကြီးမားတဲ့အခွင့်အရေးပါပဲ။ အသင်းကို ကူညီဖို့နဲ့ ဒီမှာပျော်ရွှင်ဖို့အတွက် ကျွန်တော် ကြိုးစားသွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။ ကူကူရယ်လာရဲ့ပြောင်းရွှေ့ကြေးဟာ ဘရိုက်တန်အတွက်ကစားသမား ရောင်းချတာကနေ စံချိန်တင်ကြေးရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီက အာဆင်နယ်ကို ပေါင်သန်း(၅၀)နဲ့ ရောင်းချခဲ့တဲ့ ဘန်ဝှိုက်ပြောင်းရွှေ့ကြေးကို ကျော်ဖြတ်ခဲ့ပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့လက ကူကူရယ်လာ အတွက် မန်စီးတီးအသင်းရဲ့ပေါင်သန်း(၃၀)နဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်အား ကစားပြိုင်ပွဲ၌ မြန်မာတက္ကသိုလ်အသင်း ပထမဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

ထိုင်းနိုင်ငံ၊အူဘွန်ရတ်ချဌာနီမြို့၌ ဇူလိုင် ၂၆ ရက်ကစတင်၍ ကျင်းပလျက်ရှိသည့် အကြိမ် ၂၀ မြောက် အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲ၌ မြန်မာတက္ကသိုလ်အသင်း၏ ပထမဆုံးရွှေတံဆိပ်ဆုအား ဝူရှူးအားကစားနည်းမှ စတင်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေတံဆိပ်ဆုအား သြဂုတ် ၄ ရက်ကကျင်းပသည့် ဝူရှူးပြိုင်ပွဲ၏ ပွဲစဉ် ၄ အမျိုးသမီးထိုက်ချိချွမ်ပြိုင်ပွဲတွင် မမြတ်နိုးအိမ် ကရမှတ် ၉ ဒသမ ၆၅ မှတ်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

ပြင်သစ်ကလပ် နိုက်စ်အသင်းကို ကက်စပါရှမိုက်ကယ် ပြောင်းရွှေ့

ဒိန်းမတ်ဂိုးသမား ကက်စပါရှမိုက်ကယ်ဟာ ၁၁ နှစ်ကြာ ကစားခဲ့တဲ့ လက်စတာအသင်းကနေ ထွက်ခွာပြီး ပြင်သစ်ကလပ် နိုက်စ်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရှမိုက်ကယ်ဟာ လက်စတာ အသင်းနဲ့အတူ ၄၇၉ ပွဲအထိ ပါဝင်ကစားခဲ့သလို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ချန်ပီယံ ဆုတွေကိုရရှိခဲ့သူပါ။ နိုက်စ်အသင်းအနေနဲ့ အစောပိုင်းကလည်း ဂျူဗင်တပ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဝေးလ်ကွင်း လယ်လူ ရမ်ဆေးကို ခေါ်ယူနိုင်ခဲ့သေးတာဖြစ်ပါတယ်။ နည်းပြဘရန်ဒန်ရော်ဂျာရဲ့ လက်စတာအသင်းကတော့ ဘဏ္ဍာရေးအခြေအနေကြောင့် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ  ရာသီသစ်အတွက် ကစားသမားသစ် မခေါ်နိုင် သေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေရတာပါ။ မန်စီးတီးအသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ရှမိုက်ကယ်ဟာ ကလပ်ပွဲပေါင်း ၆၅၁ ပွဲ ကစားထားသလို ဒိန်းမတ်လက်ရွေးစင်အဖြစ်လည်း ၈၄ ပွဲ ပါဝင်ခွင့်ရထား ပါတယ်။

ကိုဗစ်ကာကွယ်ဆေးမထိုးသည့် ဂျိုကိုဗစ် ယူအက်စ်အိုးပင်း ယှဉ်ပြိုင်ခွင့် လက်လွှတ်ရဖွယ်ရှိ

ကမ္ဘာ့ထိပ်တန်း တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတာကြောင့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ရဖွယ် ရှိပါတယ်။

ဆာဘီးယားနိုင်ငံသား တင်းနစ်အကျော်အမော်က ပြိုင်ပွဲဝင်ခွင့်ရဖို့ အယူခံတင်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ စီစဉ်သူတွေက သူတို့မှာ အမေရိကန်အစိုးရရဲ့ ကာကွယ်ဆေးမူဝါဒကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

ဆဲဆိုခံရမှုအများဆုံး ကစားသမား တွစ်တာစာရင်းတွင် မန်ယူက ၈ ဦးအထိပါဝင်

နာမည်ကြီး လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Twitter တွင် စော်ကားပြောဆိုအခံရဆုံးကစားသမားအဖြစ် မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် အသင်းခေါင်းဆောင် မက်ဂွိုင်းရားတို့က မှတ်တမ်းဝင်နေကြောင်း သိရသည်။ ယင်းစာရင်းတွင် ထိပ်ဆုံး ၁၀ ဦး၌ မန်ယူအသင်းမှ ကစားသမား ရှစ်ဦးအထိ ပါဝင်နေပြီး ထိပ်ဆုံးလေးဦးတွင်လည်း မန်ယူကစားသမားများပင် ရပ်တည် ခဲ့ခြင်းဖြစ်သည်။