ဘိုင်ယန်ကို ရှုံးကြွေးထပ်တင်ခဲ့တဲ့ ဘာစီလိုနာ

ဘိုင်ယန်မြူးနစ် ၂-၀ ဘာစီလိုနာ

ဘာစီလိုနာရဲ့ ပထမပိုင်း ကစားပုံ ကောင်းခဲ့ပေမဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ခံစစ်မှာ Build-up လုပ်ခွင့်မပေးဖို ကြိုးစားတဲ့ ဘာစီလိုနာ ကစားဟန်ကြောင့် ဘိုင်ယန် ကစားရခက်ခဲ့ပါတယ်။ ပက္ဒရီ၊ လီဝမ်ဒေါစကီးတိုရဲ့ ကန်ချက်တွေကို နျူအာ ပုတ်ထုတ်နိုင်ခဲ့ပြီး အခွင့်အရေးကောင်းတစ်ကြိမ်ကိုလည်း လီဝမ်ဒေါစကီး ဂိုးပေါ်ထောင်ကန်မိခဲ့လို ဘာစီလိုနာ ဂိုးမရခဲ့တာပါ။ ဘာစီလိုနာဟာ ပထမပိုင်းမှာ ဘိုင်ယန် ဂိုးပေါက်ကို ၁၀ ကြိမ်တိုင်တိုင် ကန်ခဲ့ပေမဲ့ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျကလပ်အတွက် ပထမဆုံးပါဝင်ကစားသည့်ပွဲတွင် ယူစိန်ဘော့ (၂)ဂိုးသွင်းယူ

ဂျမေကာတာတိုအပြေးဘုရင် ယူစိန်ဘော့သည် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်လာရန် ခြေစွမ်း စမ်းသပ်ခံနေသည့် သြစတြေးလျကလပ် စင်ထရယ်ကို့စ်မာရီနာအသင်းအတွက် ပထမဆုံးပါဝင်ကစားသည့် ပွဲတွင် (၂)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

အိုလံပစ်ရွှေတံဆိပ်(၈)ခုဆွတ်ခူးထားသည့် တာတိုအပြေးဘုရင် ယူစိန်ဘော့သည် စင်ထရယ်ကို့စ်မာရီနာအသင်းက မက်ကာသာဆောက်ဝက်စ်အသင်းအား (၄-၀)ဂိုးဖြင့်အနိုင်ရသည့် ခြေစမ်းပွဲတွင် ပထမဆုံးပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် တတိယနှင့် စတုတ္ထအနိုင်ဂိုးကိုသွင်းယူပေးခဲ့ကာ အပြေးပြိုင်ပွဲများတွင် ပြုလုပ်လေ့ရှိသည့် ပုံစံအတိုင်း အောင်ပွဲခံခဲ့သည်။

၂၀၂၂ ခုနှစ် အာရှသက်ငယ်တန်းအားကစားပြိုင် ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ ဂျပန်နိုင်ငံသို့ ထွက်ခွာ

၂၀၂၂ ခုနှစ် အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲအား စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ဂ် ပန်နိုင်ငံ၊တိုကျိုမြို့၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲသည် စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲက အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာန ဒု-အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းခေါင်းဆောင်၍ စင်ကာပူ Airline SQ761ဖြင့် ရန်ကုန်လေဆိပ်မှထွက်ခွာသွားခဲ့သည်။

ချယ်လ်ဆီးက ထွက်ခွာခဲ့ရလို့ ဝမ်းနည်းခဲ့တဲ့ တူချယ်

ရာသီအစမှာ ခြေစွမ်းညံ့နေချိန် ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက်မှာ သူ့အနေနဲ့ ဝမ်းနည်းပက်လက် ဖြစ်သွားခဲ့တယ်လို့ သောမတ်စ် တူချယ် က ပြောပါတယ်။ချန်ပီယံလိဂ် အစပွဲမှာ ချယ်လ်ဆီး က ဒိုင်နမိုဇာဂရက် ကို ၁-၀  ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ၄၉ နှစ်အရွယ် တူချယ် က ဗုဒ္ဒဟူးနေ့က ထုတ်ပယ်ခံခဲ့ရတာပါ။

ချဲလ်ဆီးနှင့် လီဗာပူးပွဲအပါအဝင် ပရီးမီးယားလိဂ်ပွဲ ပွဲစဉ် ၃ ပွဲ ထပ်မံရွှေ့ဆိုင်း

ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဒီတစ်ပတ်မှာ ပြန်လည်ကျင်းပမှာဖြစ်ပေမယ့် ပွဲစဉ် ၃ ပွဲကိုတော့ ထပ်မံရွှေ့ဆိုင်းခဲ့ပါတယ်။ဗြိတိန်ဘုရင်မကြီးအဲလီဇဘက်ရဲ့ နာရေးကြောင့် ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို ရွှေ့ဆိုင်းခဲ့ပြီး ဒီတပတ်မှာတော့ စုစုပေါင်း ၃ ပွဲပဲ ရွှေ့ဆိုင်းမှာပါ။

စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့မှာ ကစားကြမယ့် မန်ယူနဲ့ လိဒ်ယူနိုက်တက်ပွဲ၊ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်တွေကို လုံခြုံရေးရဲတပ်ဖွဲ့အင်အားနည်းပါးတာကြောင့် ထပ်မံရွှေ့ဆိုင်းဖို့ ဆုံးဖြတ် ခဲ့တာပါ။အဲဒီနေ့မှာ ဘုရင်မကြီးရဲ့ဈာပနအခမ်းအနားကျင်းပမှာဖြစ်လို့ အဲဒီပွဲအတွက် ရဲတပ်ဖွဲ့ အင်အားတွေ ပေးထားရမှာဖြစ်ပါတယ်။

ကားလို့စ်အယ်လ်ကာ ရက်ဇ် က ယူအက်စ် အိုးပင်းမှာ ဗိုလ်စွဲ

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲတွင် စပိန်ဆယ် ကျော်သက် တင်းနစ်သမား ကားလို့စ်အယ်လ်ကာ ရက်ဇ်က နော်ဝေနိုင်ငံသား ကက်စပါရုဒ်ကို ၆-၄၊ ၂-၆၊ ၇-၆(၇-၁)၊ ၆-၃ ဖြင့် အနိုင်ကစားပြီး ဗိုလ်စွဲခဲ့သည်။

အသက် ၁၉ နှစ်သာရှိသေးသူ အယ်လ်ကာရက်ဇ် အနေဖြင့် ပထမဆုံး ဂရင်းစလင်းချန်ပီယံဆုနှင့် အတူ အမြင့်ဆုံး ကမ္ဘာ့အဆင့်ရပ်တည်မှုအဖြစ် အဆင့် ၁ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ရုဒ်က အဆင့် ၂ သို့ ရောက်ရှိခဲ့သည်။ -Ref:BBC

ပရီးမီးယားလိဂ်ပွဲစဉ်များ ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိသည့်အခြေအနေကို ကလပ်အသင်းများ စိုးရိမ်နေ

ပရီးမီးယားလိဂ်ပွဲစဉ်များ လာမည့်တစ်ပတ်အထိ ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိသည့်အခြေအနေကို ကလပ်အသင်းများက စိုးရိမ်ပူပန်နေကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနက သုံးသပ်ဖော်ပြသည်။

ဗြိတိန်ထီးနန်းအား နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့သည့် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇလက် နတ်ပြည်စံသည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗြိတိန်ကျွန်းစုနိုင်ငံများဖြစ်သော အင်္ဂလန်၊ ဝေးလ်စ်၊ မြောက်အိုင်ယာလန်နှင့် စကော့တလန် နိုင်ငံရှိ ဘောလုံးပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲအားလုံးနီးပါးကို ယခုတစ်ပတ်တွင် ကျင်းပခြင်းမရှိဘဲ ရွှေ့ဆိုင်းထားသည်။

ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် လီဝန်ဒေါစကီး (၈၉) ဂိုးဖြင့် တတိယနေရာရောက်ရှိလာ

ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်ပွဲဦးထွက်တွင် ဟက်ထရစ်သွင်းယူခဲ့သူ တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် (၈၉) ဂိုးဖြင့် တတိယနေရာ ရောက်ရှိလာကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ် (၁) ဒုတိယနေ့တွင် ဘာစီလိုနာအသင်းက ချက်ကလပ် ဗစ်တိုးရီးယားပါလ်ဇန်အသင်းအား အိမ်ကွင်း၌ (၅-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး အနိုင်ဂိုးများကို ကက်ဆီးက (၁၃) မိနစ်၊ လီဝန်ဒေါစကီးက (၃၄၊ ၄၅+၃၊ ၆၇) မိနစ်တွင် ဟက်ထရစ်နှင့် ဖယ်ရန်တောရက်စ်က (၇၁) မိနစ်တွင် သွင်းယူပေးခဲ့သည်။

ယူအက်စ်အိုးပင်းပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူမည့်သတင်းများကို ဆရီနာဝီလျံ ငြင်းဆန်

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ် ပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူမည့် သတင်းများနှင့် ပတ်သက်ပြီး အမေရိကန်ဝါရင့်တင်းနစ်မယ် ဆရီနာဝီလျံက ငြင်းဆန်ခဲ့ကြောင်းသိရသည်။

ယူအက်စ်အိုးပင်း ပထမအဆင့်ပွဲစဉ် တွင် ဆရီနာဝီလျံက မွန်တီနီဂရိုးတင်းနစ်မယ် ဒန်ကာကိုဗီနစ်ကို မိနစ် ၁၀၀ ကြာ ကစားပြီး ၆-၃၊ ၆-၃ ဖြင့်အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ ၎င်းအနေဖြင့် ဒုတိယအဆင့်ပွဲစဉ်အဖြစ် အက်စ်တိုးနီးယား တင်းနစ်မယ် ကွန်တာဗိုက်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။