၂၀၂၂ ခုနှစ် အာရှသက်ငယ်တန်းအားကစားပြိုင် ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ ဂျပန်နိုင်ငံသို့ ထွက်ခွာ

၂၀၂၂ ခုနှစ် အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲအား စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ဂ် ပန်နိုင်ငံ၊တိုကျိုမြို့၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲသည် စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲက အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာန ဒု-အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းခေါင်းဆောင်၍ စင်ကာပူ Airline SQ761ဖြင့် ရန်ကုန်လေဆိပ်မှထွက်ခွာသွားခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ်ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်၊အားကစားနှင့်ကာ ယပညာသိပ္ပံ(ရန်ကုန်)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

မြန်မာအားကစားအဖွဲမှ ကြက်တောင်အားကစားသမား အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၃ ဦး၊ စားပွဲတင်တင်းနစ် အားကစားသမား အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၂ ဦး၊ Para Badminton အားက စားသမား အမျိုးသား ၁ ဦးနှင့် Para Table Tennis အားကစားသမား အမျိုးသား ၁ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အလားတူ အားကစားနည်းများအလိုက် အုပ်ချုပ်သူနှင့်နည်းပြများလည်း လိုက်ပါသွားခဲ့ကြကြောင်း သိရသည်။