ဘိုင်ယန်ကို ရှုံးကြွေးထပ်တင်ခဲ့တဲ့ ဘာစီလိုနာ

ဘိုင်ယန်မြူးနစ် ၂-၀ ဘာစီလိုနာ

ဘာစီလိုနာရဲ့ ပထမပိုင်း ကစားပုံ ကောင်းခဲ့ပေမဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ခံစစ်မှာ Build-up လုပ်ခွင့်မပေးဖို ကြိုးစားတဲ့ ဘာစီလိုနာ ကစားဟန်ကြောင့် ဘိုင်ယန် ကစားရခက်ခဲ့ပါတယ်။ ပက္ဒရီ၊ လီဝမ်ဒေါစကီးတိုရဲ့ ကန်ချက်တွေကို နျူအာ ပုတ်ထုတ်နိုင်ခဲ့ပြီး အခွင့်အရေးကောင်းတစ်ကြိမ်ကိုလည်း လီဝမ်ဒေါစကီး ဂိုးပေါ်ထောင်ကန်မိခဲ့လို ဘာစီလိုနာ ဂိုးမရခဲ့တာပါ။ ဘာစီလိုနာဟာ ပထမပိုင်းမှာ ဘိုင်ယန် ဂိုးပေါက်ကို ၁၀ ကြိမ်တိုင်တိုင် ကန်ခဲ့ပေမဲ့ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဘိုင်ယန် ပိုစီးလာခဲ့ပြီး (၉)မိနစ်အတွင်းမှာပဲ (၂)ဂိုးသွင်းကာ ပြဲကို လွှမ်းမိုးသွားနိုင်ခဲ့ပါတယ်။ ကင်မစ်ချ်ရဲ့ ထောင့်ကန်ဘောကနေ လူးကပ်စ်ဟာနန်ဒက်စ်က အဖွင့်ဂိုး သွင်းခဲ့ပြီး နောက် (၄)မိနစ်အကြာမှာ ဆာနေးက ဘာစီလိုနာ ခံစစ်က ဖောက်ထွက်ကာ ဒုတိယဂိုး ထပ်သွင်းခဲ့တာပါ။

ပက္ဒရီ အပိုင်အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမဲ့ တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး သူ့ရဲ့ကန်ချက်ကလည်း ဂိုးဘေး ကပ်ထွက်သွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်က (၂)ပွဲ ကစား (၆)မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ဦးဆောင်နေပြီး ဘာစီလိုနာနဲ့ အင်တာမီလန်ကတော့ ၃ မွတ္စီ ရရှိထားပါတယ်။