ကမ္ဘာ့နံပါတ် တစ် ဆွီယာတက် က ယူအက်စ် အိုးပင်းမှာ ဗိုလ်စွဲ

ကမ္ဘာ့နံပါတ် တစ် တင်းနစ်မယ် အီဂါဆွီယာတက် က ယူအက်စ် အိုးပင်း ဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲမှာ တူနီရှားက နိုင်ခြေအဆင့် ငါး ကစားသမား ဂျာဘီယာကို အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ ပိုလန်သူ ဆွီယာတက် က ၆-၂၊ ၇-၆ (၇-၅ ) နဲ့  အနိုင်ရပြီး သူ့ရဲ့ တတိယမြောက် ဂရင်းဆလင်း ဆုကို ရယူခဲ့ပါတယ်။ အသက် ၂၁ နှစ်ပဲ ရှိသေးတဲ့ ဆွီယာတက် က ပြင်သစ် အိုးပင်း က မြေစေးကွင်းမှာ နှစ်ကြိမ် ဗိုလ်စွဲထားပြီး ဖြစ်ကာ အမေရိကန်ရဲ့ မာကျောတဲ့ ကွင်းမှာ ပထမဆုံး ဗိုလ်စွဲတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တူနီးရှားသူ ဂျာဘီယာကတော့ ဇူလိုင်လတုန်းက ဝင်ဘယ်ဒန် ပြိုင်ပွဲ ဗိုလ်လုပွဲမှာလည်း ရှုံးခဲ့လို့ သူ့အတွက် ပထမဆုံး ဂရင်း ဆလင်း ဖလားနောက်ကို လိုက်နေရဆဲဖြစ်ပါတယ်။ “ အီဂါ အနိုင်ရထိုက်ပါတယ်” လို့ ယူအက်စ် အိုးပင်း ဗိုလ်လုပွဲရောက် ပထမဆုံး အာဖရိကတိုက်သူ ဖြစ်တဲ့ ဂျာဘီယာ က ပြောပါတယ်။