ချဲလ်ဆီးနှင့် လီဗာပူးပွဲအပါအဝင် ပရီးမီးယားလိဂ်ပွဲ ပွဲစဉ် ၃ ပွဲ ထပ်မံရွှေ့ဆိုင်း

ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဒီတစ်ပတ်မှာ ပြန်လည်ကျင်းပမှာဖြစ်ပေမယ့် ပွဲစဉ် ၃ ပွဲကိုတော့ ထပ်မံရွှေ့ဆိုင်းခဲ့ပါတယ်။ဗြိတိန်ဘုရင်မကြီးအဲလီဇဘက်ရဲ့ နာရေးကြောင့် ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို ရွှေ့ဆိုင်းခဲ့ပြီး ဒီတပတ်မှာတော့ စုစုပေါင်း ၃ ပွဲပဲ ရွှေ့ဆိုင်းမှာပါ။

စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့မှာ ကစားကြမယ့် မန်ယူနဲ့ လိဒ်ယူနိုက်တက်ပွဲ၊ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်တွေကို လုံခြုံရေးရဲတပ်ဖွဲ့အင်အားနည်းပါးတာကြောင့် ထပ်မံရွှေ့ဆိုင်းဖို့ ဆုံးဖြတ် ခဲ့တာပါ။အဲဒီနေ့မှာ ဘုရင်မကြီးရဲ့ဈာပနအခမ်းအနားကျင်းပမှာဖြစ်လို့ အဲဒီပွဲအတွက် ရဲတပ်ဖွဲ့ အင်အားတွေ ပေးထားရမှာဖြစ်ပါတယ်။

နောက်ထပ်ရွှေ့ဆိုင်းခဲ့တဲ့ ဘရိုက်တန်နဲ့ ခရစ္စတယ်ပဲလေ့ပွဲစဉ်ကတော့ မီးရထားအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲရှိလို့ မူလကတည်းက ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ဘုရင်မကြီးကွယ်လွန်ပြီးနောက်ဆက်တွဲအဖြစ် စက်တင်ဘာ ၁၆ ရက်နေ့ လန်ဒန်မှာ ကစားမယ့် အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။